ပင်လယ်ပြင်ငါးဖမ်းရာသီကို ဇူလိုင် ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရာသီဥတုပြင်းထန်မှုကြောင့် ပင်လယ်ပြင်လှိုင်းလေထန်နေသော်လည်း ငါးဖမ်းစက်လှေ ၃၀ ရာခိုင်နှုန်းက ဖမ်းဆီးရမိသော ရေထွက်ကုန်များ ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်ငါးဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်ငါးဈေးမှ သိရသည်။