Skip to main content

ရာပြည့်အမှတ်သညာပွဲ‌တော် ရုပ်သံလိုင်းများမှ တင်ဆက်ပြသမည်

ရန်ကုန် နို၀င်ဘာ၂၄

ရန်ကုန်တက္ကသိုလ် သမိုင်းဌာနနှင့် ပန်းဆိုးတန်းပန်းချီပြခန်းတို့ ပူး‌ပေါင်းကျင်းပမည့် ရာပြည့်အမှတ်သညာ ပွဲ‌တော်ကို ရုပ်သံလိုင်းများမှ တင်ဆက် ပြသမည်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ်သမိုင်းဌာနမှ သိရသည်။

“ကျွန်မတို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ရာပြည့်အမှတ်သညာပွဲ‌ တော်ကို ရန်ကုန်တက္ကသိုလ်သမိုင်း ဌာနနဲ့ ပန်းဆိုးတန်းပန်းချီပြခန်းတို့ ပူးပေါင်းပြီး Recreation Centre(RC)ထဲမှာ ကျင်းပခဲ့ပါတယ်။ ရာပြည့် အမှတ်သညာပွဲတော်မှာ ခေတ် အဆက်ဆက်မှ တာဝန်ထမ်းဆောင် သွားတဲ့ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ရှားပါးဓာတ်ပုံ၊ ရန်ကုန်တက္ကသိုလ် ကနေ ထုတ်ဝေသွားတဲ့ ရှားပါးစာအုပ် တွေ၊ ကွယ်‌ပျောက်သွားပြီဖြစ်တဲ့ အသင်းအဖွဲ့တွေကို ပြသခဲ့ပါတယ်။ ကျွန်မတို့က ဘာကိုအဓိကထားလဲဆို တော့ သာမန်ဘဝနဲ့ကျောင်းပြီးသွားတဲ့ ကျောင်းသား ကျောင်းသူတွေ အများ ကြီးပါ။ သာမန်ပြည်သူနဲ့ပဲ ဖြတ် သန်းသွားတဲ့လူတွေရဲ့ ပုံရိပ်ကို အဓိကထားတာ ဖြစ်တဲ့အတွက် ကြောင့်မို့ အဲဒီပြပွဲမှာ ခေတ်အဆက် ဆက်က ဘဝမှာ ထင်ထင်ရှားရှား အသိအမှတ်မပြုရပေမယ့်လည်း အဲဒီ လူတွေရဲ့ ပုံရိပ်ဟောင်းအတွက် သူတို့ ရဲ့ ရှားပါးပုံတွေရအောင် စုဆောင်းပြီးမှ ပြသခဲ့ပါတယ်။ တစ်ဆက်တည်းပဲ ဓာတ်ပုံပြပွဲပြိုင်ပွဲနဲ့အတူ ရာပြည့် အမှတ်တရ ဖြစ်စေမယ့် မျိုးဆက်သစ် ကလေးတွေ စာတမ်းဖတ်ပွဲတွေ လုပ်ခဲ့ တယ်။ ဒါ့အပြင်အုပ်ချုပ်ရေး၊ ပညာရေး ပိုင်းမှာ လုပ်သွားတဲ့ ဆရာကြီးတွေနဲ့ ဆွေးနွေးပွဲတွေ၊ ရန်ကုန်တက္ကသိုလ် ကထွက်သွားတဲ့ အနုပညာမှာ ကျော်ကြားတဲ့သူတွေ၊ အဲဒီလူတွေနဲ့ ဆွေးနွေးဝိုင်းတွေ လုပ်ခဲ့ပါတယ်။ အဲဒါပထမပိုင်းပေါ့။ အခုဒုတိယပိုင်း အနေနဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ရန်ကုန် တက္ကသိုလ် ရာပြည့်ကျ‌ရောက်မယ့် ပွဲနေ့မှာ သစ်ပုပ်ပင်ကွင်းရဲ့ အရှေ့မှာပဲ နှစ်တစ်ရာကို ရည်ညွှန်း တဲ့ မော်ကွန်းတိုင် စိုက်ထူပါမယ်။‌ မော်ကွန်းတိုင်နဲ့ သစ်ပုပ်ပင် ပတ်ပတ် လည်မှာ သက်ဆိုင်ရာ ရှားပါး ဓာတ်ပုံ၊ ပန်းချီ၊ စာအုပ်တွေ ချိတ်ဆွဲ ပြသတာတွေကို မြန်မာ့ရုပ်မြင် သံကြားမှာ အစီအစဉ်တစ်ခုအနေနဲ့ ပြသပေးမှာဖြစ်သလို တခြားရုပ်သံ လိုင်းတွေကလည်း တင်ဆက်ပြသ သွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန် တက္ကသိုလ်သမိုင်းဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာမိုမိုသန့်က ပြောသည်။

အဆိုပါပြပွဲတွင် တက္ကသိုလ်နှင့် ပတ်သက်သည့် ဓာတ်ပုံအဟောင်းများ၊ အနုပညာနှင့်ပတ်သက်သည့် စာအုပ်များ၊ တက္ကသိုလ်နှင့်ပတ် သက်သည့်‌ ခေတ်အဆက်ဆက် စာအုပ်ဖုံးများ၊ အနုပညာလက်ရာများ၊ ယခင်တက္ကသိုလ်မှာ‌ ခေတ်စားခဲ့သည့် ပို့စကတ်များ ပြသမည် ဖြစ်‌ကြောင်း သိရသည်။

အာကာစိုး

ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)