Skip to main content

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၁၇) သင်တန်း ဆင်း

နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှု အခွင့်အလမ်းများ အရှိန်အဟုန်မပြတ် စေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံ သင်တန်း အမှတ်စဉ် (၁၁၇) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်ဝင်းက Online မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာန များမှ ပါမောက္ခများ၊ သင်ကြားပို့ချခဲ့သည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့ ကြသည်။

ရန်ကုန် - ဒလ ကားကူးဇက် ခေါက်ရေတိုးချဲ့ပြေးဆွဲ ကုန်စည်စီးဆင်းမှု အတွက် အထောက်အပံ့များစွာဖြစ်

ရန်ကုန်မြို့ ဝါးတန်းဆိပ်ကမ်းနှင့် တစ်ဖက်ကမ်း ဒလ မြို့နယ်သို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(မြစ်ဝ ကျွန်းပေါ်ဌာနခွဲ)မှ ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရန် ဇန်နဝါရီ ၅ ရက်မှစ၍ ယခင်ပြေးဆွဲ မှုထက် ခေါက်ရေနှင့် အချိန်တိုးမြှင့်ပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။

YBS ယာဉ်လိုင်းများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပံ့ပိုးပေးနေတစ်နေ့တာခရီးသည်စီးနင်းမှု ခြောက်သိန်းကျော်ရှိလာ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများအား ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပံ့ပိုး ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြား သည်။

တရုတ်နိုင်ငံမှ အဲကွန်းလေအိတ်ရထားတွဲသစ်များ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

မြန်မာ့မီးရထားမှ ရထားစီးခရီးသွားပြည်သူများ သက်သောင့်သက်သာသွားလာ နိုင်စေရန်အတွက် တရုတ်နိုင်ငံ မှတစ်ဆင့် မှာယူတင်သွင်းထားသော အဲကွန်း လေအိတ်ရထားတွဲသစ်များ အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ ယနေ့နံနက် ပိုင်းတွင် ရောက်ရှိလာပြီဖြစ်သည်။

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း ပန္နက်တင်အခမ်းအနားကျင်းပ

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ် ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်သစ် ဖွင့်လှစ်ပြေးဆွဲ

ရန်ကုန်မြစ်အတွင်း နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်အတွက် ဖွင့်ပွဲကို ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းအနီးရှိ ကျန်းမာရေးဆိပ်ကမ်း ၌ ယနေ့ညနေပိုင်းက ကျင်းပသည်။

၂၀၂၁ ခုနှစ် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကူး တရားအလှူတော် ဓမ္မ သဘင်အား ၁၃၈၂ ခုနှစ် နတ်တော် လပြည့်ကျော် ၃ ရက်မှ ၉ ရက်အထိ (၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၇ ရက် အထိ) ခုနစ်ရက်တိုင်တိုင် အွန်လိုင်း စနစ်ဖြင့် တိုက်ရိုက်ထုတ်လွှင့် ပြသ သွားမည်ဖြစ်သည်။

မဟာမှ စီစဉ်ရိုက်ကူးမည့် ရုပ်သံစီးရီးများတွင် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင် ရွေးချယ်ပွဲကျင်းပ

အနာဂတ်မျိုးဆက်သစ် အနုပညာရှင် များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မဟာမှ စီစဉ်ရိုက်ကူးမည့် ရုပ်သံစီးရီး များတွင် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေတောင်ကြားလမ်း အမှတ် (၅၀)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်အနုပညာ ရပ်ဝန်း၌ ကျင်းပသည်။ (အပေါ်ပုံ)

ရန်ကုန် မြစ်ကြောင်းတစ်လျှောက် နှစ်ထပ်အပျော်စီးသင်္ဘော ပြေးဆွဲမည်

ရန်ကုန်မြို့၏ မြစ်ကြောင်းတစ်လျှောက်ရှိ နေဝင်ချိန်ဆည်းဆာအလှကို ကြည့်ရှုခံစား နိုင်စေရန်ရည် ရွယ်၍ နှစ်ထပ်အပျော်စီး သင်္ဘောခရီးစဉ်အား ဒီဇင်ဘာ ၂၀ ရက်တွင် စတင် ပြေးဆွဲသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းခရီးစဉ်များကို Boeing 737-800 NG Embraer 1901 ATR-72 G00 Series လေယာဉ်သစ်များဖြင့် ခရီးသွားပြည်သူများအား နေ့စဉ်ပျံသန်း ပို့ဆောင်ပေးသွားမည်

မြန်မာအမျိုးသားလေကြောင်းမှ လေကြောင်းခရီးစဉ်ကိုသာ အားထားရသော ပြည်တွင်း မြို့များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုထုတ်ပြန်မည့် လေကြောင်းလိုင်း များနှင့် ခရီးသည်များလိုက်နာရမည့် Standard Operation Procedure (SOP)နှင့်အညီ ဒီဇင်ဘာ ၁၆ ရက်မှ စတင်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
Subscribe to ရန်ကုန်