မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး စီးပွားရေးတွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းတွင် ပြည်ပမှရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ပြီး ထိုက်သင့်သလောက် တိုးတက်ခဲ့သည်။ စီးပွားရေး တိုးတက်မှု ရှစ်ရာခိုင်နှုန်းရရှိခဲ့ပြီး ပထမသက်တမ်း နောက်ဆုံးနှစ်တွင် စီးပွားရေးအနည်းငယ် ကျဆင်းခဲ့သည်။ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း ပထမနှစ်တွင် စီးပွားရေးတိုးတက်မှု အားကောင်းမည့် အလားအလာများရှိခဲ့သော်လည်း တတိယနှစ်မှစ၍ စီးပွားရေးကျဆင်းလာခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားတိုးတက်မှု သုံးရာခိုင်နှုန်းကျော်ခန့်သာရှိပြီး နောက်ပိုင်းတွင် အနုတ်လက္ခဏာပြလာခဲ့သည်။
အပူလျှပ်ခြင်းဖြစ်ပါကကုသမှုကို ချက်ချင်းခံယူ
ယခုရက်ပိုင်းအတွင်း ဒေသအနှံ့အပြားတွင် အပူချိန်မြင့်မားလာခြင်းကြောင့် အပူဒဏ်ကိုလည်း သိသိသာသာခံစားလာကြ ရသည်။ မြင့်မားသည့် အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေပြီး လှုပ်ရှားချင်စိတ်မရှိခြင်းနှင့် အဆိုးရွားဆုံး အခြေအနေတွင် အပူလျှပ်ခြင်းအထိ ဖြစ်စေနိုင်သည်။ အပူလျှပ်ခြင်းသည် ဦးနှောက်နှင့်အရေးကြီးသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပါ ထိခိုက်ပျက်စီးစေပြီး သေဆုံးစေနိုင်ခြင်းကြောင့် အပူလျှပ်ခြင်းသည် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပြီး ကုသမှုကို ချက်ချင်းခံယူရန် လိုအပ်ကြောင်း နားလည်ထားကြရမည်ဖြစ်သည်။
တည်ငြိမ်အေးချမ်းသာယာဝပြောမှုကိုရှေးရှု တိုင်းပြည်ဖွံ့ဖြိုးရေး ပူးပေါင်းပါဝင်
မြန်မာနိုင်ငံသည် နှစ်လိုဖွယ်ရာကောင်းသော သဘာဝပတ်ဝန်းကျင်နှင့် သင့်တင့်မျှတသော ရာသီဥတုကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ အရောင်အသွေးစုံလင်လှသော တိုင်းရင်းသားလူမျိုးစုများသည် သာယာလှပကောင်းမွန်မျှတသည့် ဒေသအသီးသီးတွင် ရှေးပဝေသဏီကတည်းက အေးချမ်းစွာနေထိုင်ခဲ့ကြသည်။ သာယာလှပသည့် ပြည်နယ်ဝန်းကျင်တစ်ခွင် ငြိမ်းချမ်းမှုအပေါင်းနှင့် ထုံမွှမ်းထားလျှင် ဖွံ့ဖြိုးဝေဆာသည့် ဒေသတစ်ခုအဖြစ် တင့်တယ်စွာရပ်တည်နိုင်မည်ဖြစ်သည်။
ဥပဒေစည်းကမ်းများလိုက်နာ တိုင်းပြည်နှင့် လူမျိုးအကျိုးရှေးရှု
ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် နေ့စဉ်ဝယ်ယူစားသောက် သည့်အစားအစာများ ဘေးကင်းလုံခြုံရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ထိုအချက်ကို အပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် စားသုံးသူ၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ၊ စစ်ဆေးသူ ကဏ္ဍသုံးခုတို့ စနစ်တကျဟန်ချက်ညီစွာဆောင်ရွက် နိုင်ရန်လိုအပ်ပေသည်။ စားသုံးသူပြည်သူများအနေဖြင့် အစားအစာများကို နှစ်သက်ရာ၊ သင့်လျော်ရာတို့ကိုသာ အလျဉ်းသင့်သလို ရွေးချယ်စားသုံးလေ့ ရှိကြသည်။
စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ဒီမိုကရေစီခေတ်၊ တပ်မတော်ခေတ်၊ ဒီမိုကရေစီခေတ်ဟူ၍ ခေတ်လေးခေတ်ဖြင့် ဖြတ်သန်းခဲ့ရာတွင် ပြည်သူများလိုလား နှစ်သက်ကြသည့်ခေတ်မှာ ဒီမိုကရေစီခေတ် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကကျသည့် ကဏ္ဍဖြစ်သည်။ ရွေးကောက်ပွဲဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ပြည်သူကိုယ်စား တာဝန်ယူဆောင်ရွက်ကြသည်။
လွတ်လပ်ရေးဦးတည်ချက်များကို ရှေးရှုကြိုးပမ်း
ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအပေါင်းတို့သည် ရှေးပဝေသဏီကာလကတည်းက တစ်မြေတည်းတွင် အတူနေထိုင်သည့် တစ်အူထုံ့ဆင်းမောင်နှမအရင်းများ ဖြစ်ကြသည်။ ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများဟူသည့် အသိစိတ်ဓာတ်ဖြင့် သင့်မြတ်စွာ အကျိုးတူနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီကြာလာခဲ့သည့် သမိုင်းကြောင်းတစ်လျှောက်၌ ပြည်ထောင်စုအပေါ် ကျရောက်လာသည့် အန္တရာယ်မှန်သမျှကိုလည်း ပူးပေါင်းလက်တွဲ၍ တွန်းလှန်ခဲ့သည့် သမိုင်းကြောင်းအစဉ်အလာများ ရှိခဲ့သည်။
အမျိုးသားစီမံကိန်းအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေအမှတ် (၂၆/၂၀၂၁)ဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ အမျိုးသားစီမံကိန်းဥပဒေကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။ ဤ ဥပဒေသည် ၂၀၂၁-၂၀၂ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တို ဘာလ၁ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဒုတိယ(၆)လတာကာလအတွက် ဆောင်ရွက်ရမည့် အမျိုးသား စီမံကိန်းဥပဒေဖြစ်သည်။
လင်းရောင်အောက်သို့ စိတ်ချလုံခြုံစွာဝင်ရောက်
တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ အသိအမြင်လွဲမှားနေသူများ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထား သည့် CRPH NUG နှင့် ၎င်းတို့၏လှုံ့ဆော်မှုကြောင့် CDM တွ
ပျက်စီးခြင်းအကြောင်းတရားကို သတိမူရှုမြင်
လက်ရှိအချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်ရှိပြည်သူများ စိုးရိမ်သောက ရောက်နေကြသည်။ ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးသောနိုင်ငံများအဖို့ ကပ်ရောဂါကို ရင်ဆိုင်နိုင်စွမ်းရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများ၊ မဖွံ့ဖြိုးသောနိုင်ငံများတွင် ကပ်ရောဂါကို အလူးအလဲရင်ဆိုင်တွေ့ကြုံရုန်းကန်နေရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်ပြီး ကပ်ရောဂါဆိုးကို ပြည်သူများရော အစိုးရကပါ ရုန်းကန်လှုပ်ရှားရင်ဆိုင်နေကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အမျိုးသားရေး
COVID-19 ရောဂါသည် လုံးဝအလျှင်းမပျောက်နိုင်သည့် ရောဂါမျိုးဖြစ်သည်ဟု ယူဆရသည့် အတွက် ကာကွယ်ဆေးများ အမြဲမပြတ်လိုအပ်နေမည်ဖြစ်သဖြင့် မိမိ တို့နိုင်ငံအတွင်း ကာကွယ် ဆေးထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဝန်ကြီး ဌာနနှင့် တပ်မတော်ဆေး သုတေသန တပ်ဖွဲ့ များအားလုံး ပူးပေါင်းဆောင်ရွက်ရန်နှင့် CoVID-19 ရောဂါကာကွယ်ရေးသည် အမျိုးသားရေးဖြစ်သဖြင့် ပုဂ္ဂလိကကဏ္ဍများ ကပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော် အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။