Skip to main content

အခြေခံပြည်သူများအရေးသုံးပါး ဖြေရှင်းပေး

အခြေခံပြည်သူများ အရေးအကြီးဆုံးကိစ္စမှာ စား၊ ဝတ်၊ နေရေးဖြစ်ပါသည်။ နိစ္စဓူဝအဖို့ ဝတ်စရာမရှိလျှင်သော်မှ စားရေးနှင့် နေရေးမှာ အခြေခံ ပြည်သူများအဖို့ အသက်တမျှ အရေးကြီးပါသည်။ ယင်းအတွက် အခြေခံ ပြည်သူများမှာ နိစ္စဓူဝ ရုန်းကန်လှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြရသည်။ ယင်းအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်စီးပွား မရေမရာဖြစ်ကြရသည်။

ရပ်အကျိုး ရွာအကျိုး တိုင်းပြည်အကျိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

ကိုဗစ်-၁၉ ကို အန်တု သတိမူကာကွယ်

ကမ္ဘာတစ်ခွင်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ ကမ္ဘာ့နိုင်ငံကြီးများ၌ စတင်ထိုးနှံခဲ့ကြရာ လက်ရှိအချိန်အထိ တစ်နိုင်ငံပြီး တစ်နိုင်ငံ စတင်ထိုးနှံမှု မြင်ကွင်းများကို နေ့စဉ်တွေ့မြင် နေရသည်။ လူချမ်းသာတို့ ကောင်းမွန်စွာ စားသောက်နေရချိန်၌ လူဆင်းရဲတို့ ထမင်းတစ်ဝမ်း စားရရေးကို ရုန်းကန်ရှာဖွေနေရသကဲ့သို့ ချမ်းသာသော နိုင်ငံများ ကာကွယ်ဆေး ထိုးနေချိန်တွင် မချမ်းသာသောနိုင်ငံများအဖို့ ကာကွယ်ဆေးထိုးနိုင်ရန် ကြိုးပမ်းကြံစည်မျှော်လင့်နေကြသည်။

အစိုးရ-ပုဂ္ဂလိက လက်တွဲ နက်ရှိုင်းခိုင်မာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာ၌ အစိုးရ-ပုဂ္ဂလိကကဏ္ဍနှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းခိုင်မာစွာ တည်ဆောက်နိုင်မည်ဆိုလျှင် အလုပ်အကိုင်အခွင့်အလမ်း သစ်များ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုများကို ပြည်သူများအတွက် ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တစ်မျိုးသားလုံးဆိုင်သည့် အမျိုးသားအောင်ပွဲ

၁၈၈၅ ခုနှစ် ကုန်ဆုံးသည်နှင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သူ့ကျွန်ဘဝသို့ ကျရောက်သည်နှင့် နယ်ချဲ့တို့ကို မြန်မာသူရဲကောင်းများက ဆယ်နှစ်နီးပါး အပြင်းအထန် တွန်းလှန်ခဲ့ကြသည်။ ကိုလိုနီခေတ်ဦး၌ပင် နယ်ချဲ့တို့အား တွန်းလှန်မှုများ ကျရှုံးသွားခဲ့သော်လည်း ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေအသင်းများ ပေါ်ပေါက်လာ ကာ အမျိုးသားစိတ်ဓာတ်များ နှိုးဆွပေးခဲ့သည်။ ။

လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်

မျက်မှောက်ကာလ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုများသည် နိုင်ငံများရှိ ပြည်သူများ၏ ဉာဏ်ရည်၊ နှလုံးရည်တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုစွမ်းအား၊ စည်းလုံး ညီညွတ်မှုနှင့် ဇွဲ၊ လုံ့လအားထုတ်နိုင်မှု အနည်း၊ အများအပေါ်တွင် မူတည်ပေသည်။ တိုးတက်သောနိုင်ငံများရှိ ပြည်သူများတွင် အဆိုပါအရည်အချင်းများ များများစားစားရှိနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
Subscribe to ကြေးမုံ, အယ်ဒီတာ့ဘာဘော်