လောင်းလုံး စက်တင်ဘာ ၂၉
သရက်ချောင်းမြို့နယ်၌ သဘာဝဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သရက်ချောင်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ် ကမြိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော Computer ၊ Printer နှင့် မီးစက်(၁)စုံပေးအပ်လှူဒါန်း
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထောက်ပံ့ပေးသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော Computer ၊ Printer နှင့် မီးစက် (၁) စုံကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၊(အထက) ဟိန္ဒားကျောင်းတွင် Auto-converted ကွန်ပျူတာ၊ ပရင်တာနှင့် မီးစက်တစ်စုံ ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာရှိ (အထက)ဟိန္ဒားကျောင်း၊ ခန်းမဆောင်၌ ယမန်နေ့ နံနက် ၁၀ အချိန်ခွဲခန့်က Auto-converted ကွန်ပျူတာ၊ ပရင်တာနှင့်မီးစက်တစ်စုံထောက်ပံ့ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည် ။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးနှင့် ဌာနဆိုင်ရာများက ဇရပ်ဆိပ်ကျေးရွာနေ ပြည်သူများအား Social Distancing နှင့်အညီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေး
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယမန်နေ့ နေ့လယ် (၂) နာရီက ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဒေသခံပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနား ပုလောမြို့၌ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက ပုလောမြို့၊ မကျည်းကုန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွင်ပါဝင်သည့် မဇေကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာနှင့် တညက်ကျေးရွာအုပ်စု၊ ကသာရိုင်ကျေးရွာတို့အား ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကို သြဂုတ် ၁၁ ရက်နေ့က အဆိုပါ ကျေးရွာနှစ်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌ ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၄) ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၄) ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးဓမ္မာရုံ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။