Skip to main content

လောင်းလုံးမြို့တွင် သဘာဝဘေး/ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေး အပ်ခြင်း အခမ်းအနားကျင်းပ

လောင်းလုံး စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် သဘာဝဘေး/ရေဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ထောက်ပံငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်၁၂ နာရီအချိန်က လောင်းလုံးမြို့တော်ခန်းမ၌ ပေးအပ်ခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာ စကားပြောကြား၌ သဘာဝဘေး/ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများကို ထောက်ပံ့ငွေများပေး အပ်ခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ဦးမြင့်စန်း၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဦးဟိုပင်နှင့်တာဝန်ရှိသူများ ကသဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၃၇)စု အနက် စမ်းလှမ်းကျေးရွာမှအိမ်ထောင်စု(၁၉)အတွက် ထောက်ပံ့ငွေ (၄၉၅၀၀၀၀/-) ကျပ်၊ တီဇစ်ကျေးရွာမှ အိမ်ထောင်စု (၂)စုအတွက်ထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ ကျောက်ဆင်ကျေးရွာမှ အိမ်ထောင်စု (၂)စုအတွက ်ထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ကျောက်ဝပ်ပြင်ကျေးရွာမှအိမ်ထောင်စု (၄)စုအတွက် ထောက်ပံ့ငွေ(၈၀၀၀၀၀/-ကျပ်၊ကျောက်နီမော်ကျေးရွာမှအိမ်ထောင်စု (၉)စုအတွက်ထောက်ပံ့ငွေ (၁၁၀၀၀၀၀/-) ကျပ်နှင့်အောက် ကျောက်ဝပ်ကျေးရွာမှ အိမ်ထောင်စု (၁)စုအတွက်ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊စုစုပေါင်း (၇၅၅၀၀၀၀/ -) ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။

သိန်းသိန်း(ပြန်/ဆက်)