Skip to main content

မြိတ်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်

မြိတ် သြဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်း၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွင်ပါဝင်သည့် မဇေကျေးရွာအုပ်စု၊ ပြင်ကြီးကျေးရွာနှင့် တညက်ကျေးရွာအုပ်စု၊ ကသာရိုင်ကျေးရွာတို့အား ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲကို သြဂုတ် ၁၁ ရက်နေ့က အဆိုပါ ကျေးရွာနှစ်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ခုဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတွင်ပါဝင်သည့် ပြင်ကြီးကျေးရွာအား ငွေကျပ်သိန်း (၂၀၀) နှင့် ကသာရိုင်ကျေးရွာအား ငွေကျပ်သိန်း (၁၀၀)၊ စုစုပေါင်းငွေကျပ်သိန်း (၃၀၀) တို့ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချိုက ကျေးရွာကော်မတီဝင်များထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းနှင့် ကျေးရွာစီမံခန့်ခွဲမှုကော်မတီဝင်များက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများကို တောင်သူတစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

ဝါဝါခိုင် (မြိတ်ခရိုင် ပြန်/ဆက်)