Skip to main content

မေတ္တာမြို့၊(အထက) ဟိန္ဒားကျောင်းတွင် Auto-converted ကွန်ပျူတာ၊ ပရင်တာနှင့် မီးစက်တစ်စုံ ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ

မေတ္တာ၊ စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာရှိ (အထက) ဟိန္ဒားကျောင်း၊ ခန်းမ‌ဆောင်၌   ယမန်နေ့ နံနက်  ၁၀အချိန်ခွဲခန့်က Auto-converted ကွန်ပျူတာ၊ ပရင်တာနှင့်မီးစက်တစ်စုံထောက်ပံ့ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကွန်ပျူတာ၊ ပရင်တာနှင့်မီးစက်တစ်စုံအားပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးရွှေလမင်းမှလက်ခံရယူခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျိုးဇက်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။            

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်၊ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သိန်း၊ မေတ္တာမြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၊မေတ္တာမြို့ ရဲစခန်းမှူးရဲအုပ် အောင်မြင့်ဝင်း၊ အထက(ဟိန္ဒား)ကျောင်းအုပ်ဆရာကြီး ‌ဦးရွှေလမင်းနှင့် ဆရာ၊ ဆရာမများ၊ ဟိန္ဒားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂျိုးဇက်နှင့်ရွာသားများ၊ ပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရန်နောင်စိုး (မေတ္တာ-ပြန်/ဆက်)