Skip to main content

သရက်ချောင်းမြို့နယ် ကမြိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော Computer ၊ Printer နှင့် မီးစက်(၁)စုံပေးအပ်လှူဒါန်း

ထားဝယ်၊ စက်တင်ဘာ ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထောက်ပံ့ပေးသည့် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော Computer ၊ Printer နှင့် မီးစက် (၁) စုံကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ  က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးမှာရှိသည့် ကျေးရွာများ၏ စာသင်ကျောင်းများတွင် စာသင်ကြားသောနေရာများ၌ အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်တို့က စာသင်ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာနှင့် မီးစက် (၁) စုံတို့ကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးသိန်းက လက်ခံယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)