သရက်ချောင်း စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က သရက်ချောင်းမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က လေဘေး သင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး သရက်ချောင်းမြို့နယ်၌ စက်တင်ဘာ (၁၉)ရက်နှင့် (၂၀)ရက်များတွင် သဘာဝဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၇)စု အနက်မှ ကျောက်ဆည် ကျေးရွာ လေဘေးသင့်အိမ်ထောင်စု (၁)စုအတွက်(၁)သိန်းကျပ်၊ ကျောက်ခမောက်ကျေးရွာ ရေဘေး သင့် အိမ်ထောင်စု(၁)စု အတွက်(၁)သိန်းကျပ်၊ ကနက်သီရိကျေး ရွာအိမ်ထောင်စု(၅)စုအတွက်(၂)သိန်း ကျပ် စုစုပေါင်း(၄)သိန်းကျပ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်တို့က ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)