Skip to main content

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဦးစောခင်မောင်မြင့်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး သန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၃ နာရီခန့်က ဂျိုင်း-ကော့ကရိတ်တံတား တည်ဆောက်ရေး စီမံကိန်းနှင့် ဂျိုင်းလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကရင်ပြည်နယ်၀န်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ရေဘေးရှောင်ပြည်သူများအား အာဟာရဖြည့်စွက်နံနက်စာ သွားရောက်ကျွေးမွေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြှင့်တက်လာသည့်အတွက် မြေနိမ့်ပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များသည်မြစ်ရေ ဝင်ရောက်ပြီး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ်ထောက်ပံ့ငွများပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ် နှစ်ခြားကျေးရွာအုပ်စုနှင့် ဝဲကြီးကျေးရွာအုပ်စုတို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ် ထောက်ပံငွေများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပိုင်ကျုံမြို့အတွင်းရှိကျေးရွာများ ၌ ပုံမှန်ဝင်ငွေမရှိ‌သောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် မသန်စွမ်းသူများအတွက်ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ နှင့်မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် ဒေသဖွံဖြိုးရေး လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

နယ်စပ်ဒေသဖွံ့ဖြိုးရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း၊ သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြားရှိကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းတံတားလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ်မြောက် ထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသာ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသာ

ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာနှင့် ဝဲကရင်ကျေးရွာအုပ်စုတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးပြီး လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုနှင့် ဝဲကရင်ကျေးရွာအုပ်စုတို့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဘားအံရုံးနှင့် NRC(Norwegian Refugee Council)တို့ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ပေးအပ်ပွဲအခမ်းအနားကို နောင်ကုန်း (ဝဲကရင်) ရွာတွင် ပြုလုပ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာများအတွက် တွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံမြို့နယ်အတွင်း ရှိရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရပ်ကွက်နှင့် ကျေးရွာများဖွံ့ဖြိုးရေးကိစ္စများ တင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီခွဲခန့်က ဘားအံမြို့ဇွဲကပင်ခန်းမတွင် တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းကျေးရွာများနှင့် ရေလယ်ကျွန်းကျေးရွာများ လျှပ်စစ်မီးလင်းရေးကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်းကျေးရွာများနှင့် ရေလယ်ကျွန်းကျေးရွာများတွင် လျှပ်စစ် မီးလင်း ရေးအတွက်
Subscribe to ကရင်ပြည်နယ်