ဘားအံ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဦးစောခင်မောင်မြင့်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး သန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၃ နာရီခန့်က ဂျိုင်း-ကော့ကရိတ်တံတား တည်ဆောက်ရေး စီမံကိန်းနှင့် ဂျိုင်းလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေး ရှေ့ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဂျိုင်း-ကော့ကရိတ်တံတား တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ လမ်း၊ တံတားလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ နှင့်တွေ့ဆုံရာ ဂျိုင်း-ကော့ကရိတ်တံတားတည်ဆောက်ရေး တာဝန်ခံက တံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ကို ကန်ထရိုက်စနစ်ဖြင့် 0920&%26apego 66307 China Road and Bridge
Corporation (CRBC) moco Mr.Yong Bin Choo လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူသည့် အချိန်မှစ၍ ပြည်နယ်အတွင်း လမ်း၊ တံတားလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများရပ်တန့်မနေဘဲ သတ်မှတ် စံချိန်စံနှုန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရန် အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး တံတားတည်ဆောက်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဂျိုင်း-ကော့ကရိတ်တံတားကို ၂၀၁၉ ခုနှစ် မေလခန့် က Extradosed တံတားအမျိုးအစားအဖြစ် စတင် တည်ဆောက်ခဲ့ပြီး ယခုအခါ ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကာ ၂၀၂၂ ခုနှစ် မေလခန့်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးရန်လျာထားကြောင်းနှင့် အိန္ဒု-ကော့ကရိတ်လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းကို ၂၀၂၁ ခုနှစ် မေလခန့်တွင် ပြီးစီး ရန်လျာထားကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ( ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဂျိုင်းလျှပ်စစ် မြစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်၌ တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက ဂျိုင်းလျှပ်စစ်မြစ်ရေတင်ဖြင့် နွေစပါး ဧက ၃၅၀ နှင့် အခြားသီးနှံ ဧက ၅၀ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဂျိုင်းမြစ် ရေတင်လုပ်ငန်း ပင်းမမြောင်း၊ လက်တံ မြောင်း နှင့် စိုက်ပျိုးထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)