Skip to main content

ဒီဂျစ်တယ်ခေတ်ပြောင်းလဲမှုနှင့်အတူ အရှိန်အဟုန်မြင့်လာသည့် မြန်မာ့အခွန်စနစ်

မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းတွင် ဒီဂျစ်တယ်နည်းပညာ ဖြစ်ထွန်းတိုးတက်ကူးပြောင်းမှုသည် ကမ္ဘာ့စီးပွားရေဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်လာပါသည်။ ကမ္ဘာ့စီးပွားရေးအပေါ်သက်ရောက်မှုများကလည်း လျင်မြန်လာပြီး နိုင်ငံတိုင်းအတွက် အခွင့်အလမ်းဖြစ်စေနိုင်သလို ခြိမ်းခြောက်မှုအဖြစ်လည်း အသွင်ပြောင်းသွားနိုင်ပါသည်။ ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမိအရအသုံးချနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်ကိုလည်း မြင်တွေ့နေရပါသည်။

လေးဝတီ ကုလားတန် အမြန်အေးချမ်း မိုးဆန်းပန်းသို့ ...

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများသည် သဘာဝအရင်းအမြစ်၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံစည်းရာ အချက်အချာမြေဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းနေ ဒေသခံပြည်သူတို့၏ အသက်သွေးကြောဖြစ်သည့် ကုလားတန်မြစ်သည် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်စည်စီးဆင်းမှုတို့တွင် မရှိမဖြစ်အားထားရသည့် မိခင်မြစ်ကြီးဖြစ်ပါသည်။

သန့်ရှင်းသော စွမ်းအင်မှသည် အစိမ်းရောင်ကမ္ဘာဆီသို့

ဟိုတယ်ခန်းမကျယ်ကြီးအတွင်း စုရုံးရောက်ရှိနေသူများက ဆွေးနွေးပွဲစတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ ခန်းမအတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပညာရှင်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံလင်စွာ စုရုံးတက်ရောက်ကြသည်။

နိုင်ငံကြီးသား နိုင်ငံကြီးသူ

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်က ကိုလ်ကတ္တားမြို့မှာ ဟူဂလီမြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ကမ္ဘာကျော်သံတံတားကြီးတစ်စင်းရှိတယ်။ “ဟောင်ရာ (Howrah)” လို့ခေါ်တဲ့ အဲဒီတံတားကြီးကို ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ “သုခမြို့တော်” ဖတ်ဖူးသူတိုင်း သိကြမှာပါ။ ပြောချင်တာက သုခမြို့တော်အကြောင်း မဟုတ်ပါဘူး။ အဲဒီဟောင်ရာတံတားကြီးအကြောင်း။ သံမဏိတန်ချိန်ပေါင်း ၂၆၅၀၀ ကျော်နဲ့ ဒုတိယကမ္ဘာစစ်ကြိုခေတ်မှာ ဆောက်ခဲ့ပြီး နေ့စဉ်လူငါးသိန်းကျော်လောက် ဖြတ်သွားနေကြတဲ့ အဲဒီတံတားကြီးဟာ မဆင်မခြင်ထွေးကြတဲ့ ကွမ်းတံတွေးတွေကြောင့် ပြိုကျသွားနိုင်တဲ့အန္တရာယ် ဖြစ်ခဲ့ဖူးပါတယ်။

နိုင်ငံ့ဝင်ငွေတိုးတက်စေမည့် ဈေးကွက်ဝင် မက္ကဒေးမီးယားသီးနှံ

မက္ကဒေးမီးယားဟုခေါ်သော အစေ့အဆန်ရရှိသည့်အပင်ကို မြန်မာနိုင်ငံ၌ ဒေသအခေါ်အားဖြင့် ချောကလက်သီးဟူ၍လည်းကောင်း၊ သော့သီးဟူ၍လည်းကောင်း ခေါ်တွင်ကြသည်။ မက္ကဒေးမီးယားအဆန်သည် စားသုံးရာတွင် အနံ့၊ အရသာကောင်းမွန်မှုကြောင့် အကောင်းဆုံးသောအစေ့အဆန်ဖြစ်ပြီး တန်ဖိုးကြီးမြင့်၍ ဈေးကောင်းရရှိနေသော နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါသည်။

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၃၂)

ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ တိုးတက်နေပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနဆောင်ရွက်နေမှုများကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။

သူနာပြုနှင့် သားဖွားစွမ်းအားစု - အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ရင်းနှီးမြှုပ်နှံမှု

လူသားအရင်းအမြစ်သည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ ကျန်းမာသော လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးများထံမှ ရရှိခဲ့သည့် သင်ခန်းစာ

ဇူလိုင်လ ၁၉ ရက်နေ့သည် နိုင်ငံ့သမိုင်းတွင် ဝမ်းနည်းကြေကွဲစရာနေ့တစ်နေ့ဖြစ်ပါသည်။ တိုင်းပြည်အတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုကြီးဖြစ်သလို ဘယ်သောအခါမှ မေ့မရနိုင်သည့်နေ့တစ်နေ့လည်းဖြစ်သည်။ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အမျိုးသားခေါင်းဆောင်ကြီးများက နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး မနေမနား ကြိုးပမ်းဆောင်ရွက်နေချိန်တွင် မသမာသူအကြမ်းဖက်သမားများက ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ထိုအဖြစ်ဆိုးကြီးကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ချောက်ချားခဲ့ပြီး တိုင်းပြည်၏ ပန်းတိုင်ရောက်လုနီးတွင် တက်ကျိုးသကဲ့သို့ဖြစ်ခဲ့ရသည်။

စက်မှုလယ်ယာ အထောက်ကူများ ဝါတောင်သူတို့ အထွက်တိုးပွား

ရှေးမြန်မာမင်းများလက်ထက် မိရိုးဖလာစိုက်ပျိုးထုတ်လုပ်မှုမှသည် ယနေ့ခေတ်ပြိုင်ကာလအထိ ဝါသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရုံသာမက နိုင်ငံတော်၏ စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အခြေခံအကျဆုံး အရေးပါသော လယ်ယာထွက်ကုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
Subscribe to ဆောင်းပါး