စာပေဖွံ့ဖြိုးရေး

စာပေဗိမာန် (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စာပေစကားဝိုင်းများ ထုတ်လွှင့်မည်

မြန်မာစာပေဖွံ့ဖြိုးရေးနှင့် အများပြည်သူ ဗဟုသုတတိုးပွားရေးအတွက် စာကောင်းပေမွန်များ ထုတ်ဝေရေးကို ဆောင်ရွက်လျက်ရှိသည့် စာပေဗိမာန်ကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် တည်ထောင်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် (၇၃) နှစ် ပြည့်မြောက်မည် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ဒေါက်တာကျော်ဝင်း၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ ဦးကြည်စိုးထွန်း (ကြည်စိုးထွန်း)၊ ဒေါ်ခင်နှင်းဦး (ခင်နှင်းဦး)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးရဲထွဋ် (သန်လျင်-မောင်ဝင့်ဝါ)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်) တို့က ခွင့်ပန်ခဲ့ကြသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်၌ စာပေဟောပြောဆွေးနွေးပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲကို ယနေ့ (၁၇-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၂ : ၀၀ နာရီမှ ၄ : ၀၀ နာရီ အထိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေရေးဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေမှုဆိုင်ရာ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၁၄-၈-၂၀၂၀) ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်း၊ အမှတ် (၅၂၉/၅၃၁) ရှိ စာပေဗိမာန်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အင်္ဂလိပ်ဘာသာ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အင်္ဂလိပ်ဘာသာ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အင်္ဂလိပ်ဘာသာ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာအေးကျော် (ဆေး၊ သုတေသန)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)က ခွင့်ပန်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု သုတပဒေသာ (သိပ္ပံ) အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သုတပဒေသာ (သိပ္ပံ) အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၁၂ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သုတပဒေသာ (ဝိဇ္ဇာ) အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးဇော်လင်း (လင်းအေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာစိုးနိုင်က ခွင့်ပန်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု နိုင်ငံရေးစာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၁၂ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

နိုင်ငံရေးစာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  ဦးမော်လင်း (မော်လင်း)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦ:ဇော်လင်း (လင်းအေး) တို့ တက်ရောက်ခဲ့ကြပြီး ဒေါက်တာစိုးနိုင်က ခွင့်ပန်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု နိုင်ငံရေးစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု နိုင်ငံရေးစာပေ (ဆန်ခါတင်အဆင့်) အဖွဲ့ငယ် အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၁ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ဦးမော်လင်း (မော်လင်း)၊ ဦးအေးမောင်ကျော် (အေးမောင်ကျော်)၊ ဒေါက်တာကျော်ဝင်း၊ ဦးမြဟန်၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဦးခင်မောင်စိုး (မောင်သာမည)၊ ဒေါက်တာချောချောစိန်တို့က ခွင့်ပန်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စာပဒေသာ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ စာပဒေသာ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၇ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

စာပဒေသာ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ဆေး/မန်း)၊ ဦးတင်မောင်လတ် (မောင်ခိုင်လတ်)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမြဝင်း (မြဝင်း-ဒဿန) က ခွင့်ပန်ခဲ့သည်။

အကြံပြုစာ/တိုင်ကြားစာ