စာပေဖွံ့ဖြိုးရေး

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြဇာတ်စာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ပြဇာတ်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၅ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြဇာတ်စာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း) က ခွင့်ပန်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဝတ္ထုတို အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဝတ္ထုတို အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၂၆ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဝတ္ထုတို အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးကြည်ဝင်း (လောကအမွန်) တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ လူငယ်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လူငယ်စာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို)၊ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဦးတင့်ခိုင် (တင့်ခိုင်) တို့ တက်ရောက်ခဲ့ကြသည်။

စာပေဗိမာန် ၇၃ နှစ်ပြည့် ဂုဏ်ပြုဆောင်းပါး

၇၃ နှစ်ပြည့် စာပေဗိမာန်


စာတည်းအဖွဲ့ဝင်တစ်ဦး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာစာပေဖွံ့ဖြိုးရေးနှင့် အများပြည်သူ ဗဟုသုတတိုးပွားစေရေး အတွက် စာအုပ်စာပေထုတ်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက် တွင် ၇၃ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ကလေးစာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ ကလေးစာပေ ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၅ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု လူငယ်စာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ လူငယ်စာပေ ဘာသာရပ်အတွက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၅ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာပေဟောပြောဆွေးနွေးပွဲ (ဒုတိယနေ့) ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာတည်းဌာန အရာထမ်း အမှုထမ်းများ၊ ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများအတွက် ရည်ရွယ်ကျင်းပသည့် စာပေဗိမာန် စာပေဟောပြော ဆွေးနွေးပွဲကို (၁၇-၈-၂၀၂၀) နေ့က စတင်ကျင်းပခဲ့ပြီး ယနေ့ (၂၄-၈-၂၀၂၀) တနင်္လာနေ့ မွန်းလွဲ ၁ : ၀၀ နာရီ တွင် ဒုတိယနေ့အဖြစ်  စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စာပေဗိမာန် (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စာပေစကားဝိုင်း ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် (၇၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပထမစာပေစကားဝိုင်း "ရသစာတမ်း (အက်ဆေး) စာပေဖွံ့ဖြိုးရေး စာပေစကားဝိုင်း" ကို ဩဂုတ်လ ၂၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆု စာပဒေသာ အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ စာပဒေသာ ဘာသာရပ်အတွက် ပဏာမအဆင့် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၀ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ကလေးစာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ကလေးစာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၁၉ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကလေးစာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးရန်စိန် (မောင်စံဗြော)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်) တို့ တက်ရောက်ခဲ့ကြသည်။

အကြံပြုစာ/တိုင်ကြားစာ