၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီး အစည်းအဝေး ကျင်းပ

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်နိုင်ရေး အပြီးသတ် အဖွဲ့ကြီးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲ ၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမြင့် (မောင်ရင့်မာ-ကျောင်းကုန်း)၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ဖုဏ်းရည် (နတ်မောက်အနီချို) အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာစိုးနိုင်၊ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး၊ ဆေး/မန်း)၊ ဦးတင့်ခိုင် (တင့်ခိုင်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးသိန်းစိုး (မင်းချမ်းမွန်)၊ ဦးလေးမြင့် (ရွှေဒါးမောင်လေးရည်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးမြတ်ဝေတိုး (မြတ်ဝေတိုး-ပညာရေးတက္ကသိုလ်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးနေမျိုးနိုင် (နေမျိုးနိုင်)၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ ဒေါ်မြမြသန်း (မနှင်းဖွေး) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကျော်ဦး (ကျော်ဦး)၊ ဒေါက်တာညိမ်းညိမ်း (ရှင်ငြိမ်းမယ်) တို့နှင့် Virtual Meeting ပြုလုပ်သည်။ ဒေါက်တာအေးကျော် (ဆေးသုတေသန)၊ ဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဦးမြဝင်း (မြဝင်း-ဒဿန)၊ ဦးမော်လင်း (မော်လင်း)၊ ဦးတင်မောင်လတ် (မောင်ခိုင်လတ်) တို့က ခွင့်ပန်ခဲ့ကြသည်။

အစည်းအဝေးတွင် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီဝင်များက ၂၀၁၉ ခုနှစ်အတွက် စာမူဆုများကို စိစစ်ရွေးချယ်ရန်အတွက် ဘာသာရပ်အလိုက် အဖွဲ့ခေါင်းဆောင်များက မိမိတို့ ဘာသာရပ်အလိုက် ဆုရွေးချယ်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ အဖွဲ့ငယ်များ၏ တင်ပြမှုကို ကော်မတီဝင် အားလုံးက ကန့်ကွက်မှုမရှိ အတည်ပြုပေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၂ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

1-46

8466

3349

9343

2685

6560

4955

5061

အကြံပြုစာ/တိုင်ကြားစာ