စာပေဖွံ့ဖြိုးရေး

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၆-၄-၂၀၂၃) ရက် နံနက် (၁၀:၃၀) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ရာ စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ဌာနစိတ်အသီးသီးက တင်ပြခဲ့ကြပြီးနောက် စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ်သည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ကို (၃) ကြိမ် ဟစ်ကြွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ အရာထမ်း (၁၉) ဦး၊ အမှုထမ်း (၇၁) ဦး၊ စုစုပေါင်း ဝန်ထမ်း (၉၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

 မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) ပြုစုထုတ်ဝေခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

  မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) ပြုစုထုတ်ဝေခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) ပြုစုထုတ်ဝေခြင်းလုပ်ငန်း အစည်းအဝေးကို ၁၆-၂-၂၀၂၃ ရက်၊ နေ့လယ် (၂:၀၀) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၁) တွင် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ-၂ ဆရာကြီးဒေါက်တာမျိုးသန့်တင်က အဖွင့်အမှာစကားပြောကြားခြင်း ဖြင့် အစည်းအဝေးကို စတင်ခဲ့ပါသည်။

စာပေပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော ငွေကြေးထောက်ပံ့ပွဲ အခမ်းအနား ကျင်းပ

စာပေပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော ငွေကြေးထောက်ပံ့ပွဲ အခမ်းအနားကို ၂၁-၁၂-၂၀၂၂ ရက်၊ နေ့လယ် (၂:၀၀) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၁) တွင် စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ် ဦးတိုးကျော်က စာပေဖြင့် နိုင်ငံတော်ကို အကျိုးပြုနေသော ပညာရှင်များအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်၍ စာပေဖြင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ အရာထမ်း၊ အမှုထမ်းတို့ တွေ့ဆုံသည့် အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ အရာထမ်း၊ အမှုထမ်းတို့ တွေ့ဆုံသည့် အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး သို့ (၁၂-၁၂-၂၀၂၂)ရက် နံနက် (၉:၃၀) နာရီတွင် စာပေဗိမာန်ရုံးသို့ ရောက်ရှိ၍ စာပေဗိမာန် အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားလမ်းညွှန်ပါသည်။

စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ်နှင့် အရာထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 စာပေဗိမာန်၊ စာတည်းမှူးချုပ်နှင့် အရာထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂-၉-၂ဝ၂၂) ရက်၊ နံနက် (၁ဝ : ၄၅) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စာတည်းမှူးချုပ် ဦးတိုးကျော်က လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည်များကို အားသာချက်၊ အားနည်းချက်များ နှင့်တကွ ကနဦး ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ခံအရာထမ်း တို့က မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုဆိုင်ရာ အစည်းအဝေးကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုဆိုင်ရာ အစည်းအဝေးကို (၁၅-၉-၂၀၂၂) ရက်၊ နေ့လယ်  (၁ : ၃ဝ) နာရီတွင် အမှတ် (၅၂၉ - ၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာ ကြသူများက ဆွေးနွေးကြကာ အစည်းအဝေးကို နေ့လယ် (၂ : ၃ဝ) နာရီတွင် ရုပ်သိမ်းခဲ့သည်။

1-188

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကို (၁၅-၉-၂၀၂၂) ရက်၊ နံနက်  (၁ဝ : ၃ဝ) နာရီတွင် အမှတ် (၅၂၉ - ၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာကိစ္စရပ်များကို တက်ရောက်လာ ကြသူများက ဆွေးနွေးကြကာ အစည်းအဝေးကို မွန်းတည့် (၁၂ : ဝဝ) နာရီတွင် ရုပ်သိမ်းခဲ့သည်။

1-179

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကျင်းပ

  ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုဆိုင်ရာ အစည်းအဝေးကို (၁၃-၉-၂၀၂၂) ရက်၊ နံနက်   (၁ဝ : ၃ဝ) နာရီတွင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး၊ ကလေးစာကြည့်တိုက်  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

  ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နံနက် ၁၂ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း) နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်မောင်ဦး (ဟိန်းလတ်) က ခွင့်ပန်ခဲ့ပါသည်။ 

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် အစည်းအဝေးကျင်းပ

  ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်) နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်)က ခွင့်ပန်ခဲ့ပါသည်။ 

အကြံပြုစာ/တိုင်ကြားစာ