စာပေဖွံ့ဖြိုးရေး

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး အစည်းအဝေး ကျင်းပ

 ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ်  (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် စာအုပ်များမှ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်တွင် စာအုပ် (၁၁) မျိုး ထပ်မံရရှိ

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်တွင် စာအုပ် (၁၀၆) မျိုး ထပ်မံရရှိ

 ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၄ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်တွင် စာအုပ် (၄) မျိုး ထပ်မံရရှိ

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၃ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

အစည်းအဝေးတွင်၂ဝ၂၃ ခုနှစ် စာပေဗိမာန်စာမူဆု ရွေးချယ်နိုင်ရေးအတွက် ပေးပို့ယှဉ်ပြိုင်ထားသည့် စာမူများမှ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

 ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ် ခြင်းများ ဆောင်ရွက်လျက်ရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ်  (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် စာအုပ်များမှ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ်  (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိ လည်းကောင်း၊ ၁၁ : ဝဝ နာရီမှ မွန်းတည့်  ၁၂ : ဝဝ နာရီ အထိလည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး အစည်းအဝေး ကျင်းပ

 ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ်  (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ  ၃၀ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိ လည်းကောင်း၊ နံနက် ၁၁ : ဝဝ နာရီမှ မွန်းတည့် ၁၂ : ဝဝ နာရီအထိ လည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် စာအုပ်များမှ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြ ကြောင်း သိရသည်။

JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်းသဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈-၅-၂၀၂၄ (အင်္ဂါနေ့) ၊ နံနက် ၁၀း၀၀ နာရီတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရန်ကုန်မြို့တွင် အဖွဲ့ဝင် ၆ ဦး၊ နေပြည်တော်မှ အဖွဲ့ဝင် ၂ ဦးနှင့် အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့မှ အဖွဲ့ဝင် ၂ ဦး ၊ စုစုပေါင်း JPMC အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။ 

၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု (ပဏာမအဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

 ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ စိစစ်ရွေးချယ်ရေးအဖွဲ့၏ ပဏာမအဆင့်  ဘာသာရပ်အလိုက် အဖွဲ့ငယ်  အစည်းအဝေးများကို ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိလည်းကောင်း၊  ၁၁ : ဝဝ နာရီမှ မွန်းတည့် ၁၂ : ဝဝ နာရီအထိ လည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု ရွေးချယ်နိုင်ရေးအတွက် ပေးပို့ထားသည့် စာမူများမှ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

အကြံပြုစာ/တိုင်ကြားစာ