စာပေဖွံ့ဖြိုးရေး

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ရသစာတမ်း (အက်ဆေး) ဘာသာရပ်  စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက် စာအုပ်ဆု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

  ၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုချီး မြှင့်ပွဲအခမ်းအနားကို (၈-၇-၂၀၂၂)ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

  ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၆ ရက် နံနက် ၁၁ : ၃၀ နာရီက ရန်ကုန်မြို့ ၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊  ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက် ခဲ့ကြသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၆ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့ ၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊  ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက် ခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၊ စာဆိုဗိမာန် တည်ဆောက်ရေးအကြံပြုအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၊ စာဆိုဗိမာန် တည်ဆောက်ရေးအကြံပြုအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၅-၇-၂၀၂၂) ရက်၊ နေ့လယ် (၂း၀၀) နာရီတွင် စာပေဗိမာန်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၅) ရက်တွင် စာအုပ် (၃) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁) ရက်တွင်  စာအုပ်  (၁၇၉)  မျိုး ထပ်မံရရှိ

 ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားနိုင်ရေး အတွက် စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ စာအုပ်များ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် ဇွန်လ ၂၉ ရက် မွန်းတည့် ၁၂ : ၃၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်)တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် ဇွန်လ ၂၉ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်)တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်) က ခွင့်ပန်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆန်ခါတင်အဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ်  စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးရွှေသိဏ်း (မောင်ခြိမ့်)၊ ဦးမောင်မောင်ကြည် (ရေနံမြေမောင်မောင်ကြည်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

အကြံပြုစာ/တိုင်ကြားစာ