၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာ အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက် နံနက် ၁ဝ : ဝဝ နာရီမှ ၁၁ : ဝဝ နာရီအထိ လည်းကောင်း၊ နံနက် ၁၁ : ဝဝ နာရီမှ မွန်းတည့် ၁၂ : ဝဝ နာရီအထိ လည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက် စာအုပ်များမှ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြ ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်းသဘောတူညီချက် (Project Agreement) ပါ JPMC (Joint Project Monitoring Committee) အဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈-၅-၂၀၂၄ (အင်္ဂါနေ့) ၊ နံနက် ၁၀း၀၀ နာရီတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရန်ကုန်မြို့တွင် အဖွဲ့ဝင် ၆ ဦး၊ နေပြည်တော်မှ အဖွဲ့ဝင် ၂ ဦးနှင့် အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့မှ အဖွဲ့ဝင် ၂ ဦး ၊ စုစုပေါင်း JPMC အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။
Copyright © 2025. All rights reserved