စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    ၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာ နှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ(၅၁)၊ အမှတ် (၁၀) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင် သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 
    လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အသိသတိနှင့် ကာကွယ်ရမည့် Mpox (မျောက်ကျောက်) ရောဂါ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ပြန်လည်ခေါင်းထောင်လာသော မျောက်ကျောက် (Mpox) ရောဂါ၊ အမ် ကျောက်ရောဂါ (Mpox) သို့မဟုတ် ဝမ်းကွဲကျောက်ရောဂါ၊ လူငယ်ရေးရာကဏ္ဍတွင် ပြည်သူ့နီတိ၊ သားလေးနဲ့ စကားပြောခြင်း၊ ဘာ့ကြောင့် မကြီးပွားကြတာလဲ၊ စိတ်ထား၊ စိတ်ဓာတ်၊ မြစ်ဝတစ်ခွင် ရေမြေအနှံ့ ခြေဆန့်ခရီးနှင်၊ သီတင်းကျွတ်လ၊ ကျေးဇူးရှင် ဆရာသခင်များနှင့် လုပ်ဖော်ကိုင်ဖက်များကို သတိရလွမ်းဆွတ်ခြင်း အပိုင်း (၃)၊ ကဗျာကဏ္ဍတွင် ချောင်းကလေး၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် တရုတ်ဉာဏ်ရည်တု (AI) ကုမ္ပဏီများအတွက် ဆွဲဆောင်မှုရှိသော စင်ကာပူ၊ စစ်ဘက်နည်းပညာဆန်း များနှင့် လက်နက်စွမ်းအား၊ မြေကျွံနစ်မြုပ်လာသော မြို့ပြများ၊  စီးပွားရေးဆိုင်ရာကဏ္ဍတွင် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု၊ MSME စွမ်းအား နိုင်ငံ့စီးပွား၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် သန္ဓေ သားဘဝမှာပင် မွေးထွက်လာသော တိရစ္ဆာန်များ၊ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာကဏ္ဍတွင် ကလေးသူငယ်များကို စာနာငဲ့ညှာခြင်းဖြင့် လောကအလင်း ဆင်နိုင်ကြစေချင်၊ အမုန်းစကားဆိုင်ရာ ကဏ္ဍတွင် ရင်တွင်းအမုန်းကို အပြုံးနှင့်ဖလှယ်စို့၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ဘဝအနာဂတ်လှပဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်စို့၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် လူကုန်ကူးမှုအကြောင်း သိစေချင်သော အချက်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် လုပ်ငန်းခွင်ကျန်းမာရေး ဂရုစိုက်ပေး၊ အိပ်ပျော်စေမည့် နည်းလမ်းသစ်များ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် လေဖြတ်ခံရပြီးနောက်…၊ အထွေထွေကဏ္ဍတွင် စာပေနှင့် အနုပညာ မူပိုင်ခွင့်၊ စာအုပ်စာပေ အဓွန့်ရှည်ပါစေ၊ အာမခံလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲခြင်း၊ ကမ်းခြေသောင်ယံဦးဝယ်၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
    သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူ လိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ