စာဆိုဗိမာန် အကောင်အထည်ဖော်ဆောင်ရေးအတွက် ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း ညှိနှိုင်း အစည်းအဝေးကျင်းပ
စာဆိုဗိမာန် အကောင်အထည်ဖော်ဆောင်ရေးအတွက် ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း၊ ညှိနှိုင်း အစည်းအဝေးကို ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၀-၁၂-၂၀၂၁) ရက် နံနက် ၁၀: ၃၀ နာရီက ကျင်းပသည်။
အစည်းအဝေးသို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်၊ စာပေဗိမာန်စာတည်းမှူးချုပ်ဦးတိုးကျော်နှင့် ဖိတ်ကြားထားသည့် စာပေပညာရှင်များ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။