၄ - ၂ - ၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၅) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၅) ၌ ကျောင်းစုံညီပွဲတော်၌ ပညာပေး ကဇာတ်တစ်ပုဒ် တင်ဆက်ရာတွင် ကျောင်းသူ၊ ကျောင်းသားများသည် မိမိတို့၏ ကျရာတာဝန်ကို ကျေပွန်ကြပြီး မည်သည့် အလုပ်မျိုးကို မဆို ပီပီပြင်ပြင် လုပ်ဆောင်နိုင်သူသည် အရေးအပါဆုံးသူဖြစ်သည်ကို ကျောင်းအုပ်ဆရာကြီးက တပည့်များအား ဆုံးမထားသည့်အကြောင်း တင်ဆက်ထားသည့် “အလှကိုယ်စီ” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ ယုန် ညီအစ်ကိုနှစ်ယောက်ကို စိတ်ဝမ်းကွဲအောင် ကုန်းတိုက်စကားပြောသည့် မြေခွေးအကြောင်း တင်ဆက် ထားသည့် “ယုန်ညီအစ်ကို” နှစ်မျက်နှာကာတွန်း၊ မိတ်ဆွေတစ်ယောက်က မြို့တွင် နေထိုင် သည့် သူ၏ ညီလေးထံသို့ စာရေးပေးရန် မောင်ခက်၏ အကူအညီတောင်းသည့်အခါ မောင်ခက်၏ အဖြေကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “မောင်ခက်နှင့် မိတ်ဆွေ” တစ်မျက်နှာကာတွန်း၊ လူကြီးများ မသိအောင် မာလကာပင်ပေါ်သို့ အသီးများ တက်ခူးပြီး အောက်သို့ ပြန်ဆင်းမည့်အချိန်တွင် ခွေးကိုက် ခံရမည့် အန္တရာယ်နှင့် ကြုံတွေ့ရသော သားဇော်အကြောင်းတင်ဆက်ထားသည့်  “ကြံရခက်” နှစ်မျက် နှာ၀က်ကာတွန်း၊ ဦးအောကိုသူ၏ သူငယ်ချင်းများက ဗီဒီယိုရိုက်ရန်ခေါ်သွားသည်ကို ရန်ပိုင်စိုး၏ သူငယ်ချင်းက အထင်မှားပြီး ပြောသည့်အကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကျောင်းပိတ်ရက်တွင် ကစားရန်ခေါ်သည့် သူငယ်ချင်းကို စာအတူတူ ကျက်ရန် ပြန်လည်ပြောကြားသည့် ဖိုးတစ်တိုအကြောင်းတင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ခရမ်းချဉ်သီးသည် လူတစ်ဦးအတွက် လိုအပ်သော ဗီတာမင်စီနှင့် ရောဂါအချို့ကို ကာကွယ်ပေးသည့် အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ခရမ်းချဉ်သီး” သုတကဏ္ဍ၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရေးသားထားသည့် “ပြည်‌ထောင်စုနေ့နှင့် ပြည်ထောင်စုစိတ်ဓာတ်” အကြောင်း စာစီစာကုံး ကဏ္ဍ၊ သူငယ်ချင်းအပေါ် အနိုင်ယူလူလည်ကျသည့် ကိုဖိုးလည်နှင့် စိတ်ကောင်းရှိသော မောင်လူအေးတို့ အကြောင်း ရေးသားထားသည့် “နောင်တ” ပုံပြင်ကဏ္ဍ၊ တပို့တွဲလတွင် ရာသီပန်းများပွင့်ကြပုံ၊ ရာသီဥတုအခြေအနေနှင့် ရာသီပွဲတော်အဖြစ် ထမနဲများ စုပေါင်း၍ ထိုးကြသည့်အကြောင်း ရေးဖွဲ့ထား သည့်  “လမြတ်တပို့တွဲ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Relative Pronouns များဖြစ်သည့် ဝါကျဆက် စကားလုံးများ အကြောင်းကို ဥပမာများပေး၍ ရှင်းလင်းထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ