စာပေဖွံ့ဖြိုးရေး

မြန်မာ့စွယ်စုံကျမ်းအတွဲ - ၁ (က-ကုတ်) ပုံနှိပ်ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားကျင်းပ

 မြန်မာ့စွယ်စုံကျမ်းအတွဲ - ၁ (က-ကုတ်) ပုံနှိပ်ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားကို (၂၃-၅-၂၀၂၂) ရက်၊ တနင်္လာနေ့ နံနက် (၁၀ : ၀၀) နာရီတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ စာပေပညာရှင်ကြီးများ၊ ထွန်းဖောင်ဒေးရှင်းမိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် မေလ (၂၀) ရက်တွင် စာအုပ်  (၁)  မျိုး ထပ်မံရရှိ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၁ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့်  မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် မေလ (၂၀) ရက်တွင်  စာအုပ်  (၁၅၃)  မျိုး ထပ်မံရရှိ

 ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ပထမအကြိမ်ထုတ်ဝေသည့် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှု ကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် မေလ ၁၈ ရက် နံနက် ၁၁ : ၃၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် မေလ ၁၈ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဦးစိန်လှိုင် (သူရဇော်)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးညွန့်ဟံ (ညွန့်ဟံ-ကြူတော)၊ ဦးတိုးကျော်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် မေလ ၁၇ ရက် မွန်းလွဲ ၁၂ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ်  စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်ခင်လေးညို (မြနှောင်းညို)၊ ဦးတိုးကျော်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် မေလ ၁၇ ရက် နံနက် ၁၁ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ်  စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးခင်မောင်အေး (KMA)၊ ဦးနေမျိုးနိုင်၊ ဦးတိုးကျော်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ် ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၂ ခုနှစ် မေလ ၁၇ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဘာသာရပ်  စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာတင်မောင်ထွေး (ဒေါက်ထွေး-ဆေး/မန်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးတိုးကျော်တို့ တက်ရောက်ခဲ့ကြပြီး ဦးမောင်လှိုင် (မောင်ဆွေငယ်) က ခွင့်ပန်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် မေလ (၁၆) ရက်တွင် စာအုပ်  (၃)  မျိုး ထပ်မံရရှိ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၁ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့်  မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် မေလ ၁၁ ရက် နံနက် ၁၁ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ပဏာမအဆင့် အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်) က ခွင့်ပန်ခဲ့သည်။

အကြံပြုစာ/တိုင်ကြားစာ