စာပေဖွံ့ဖြိုးရေး

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် မေလ ၄    ရက် မွန်းလွဲ ၁ : ၀၀ မှ ၁ : ၃၀ နာရီအထိ လည်းကောင်း၊ မွန်းလွဲ ၁ : ၃၀ မှ မွန်းလွဲ ၂ : ၀၀ နာရီအထိ လည်းကောင်း ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက်   ဘာသာရပ်ဆိုင်ရာ စာမူများ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၂ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၈ ရက် နံနက် ၁၁ : ၀၀ မှ မွန်းတည့် ၁၂ : ၃၀ နာရီအထိ ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၂ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၆ ရက် နံနက် ၁၀ : ၀၀ မှ ၁၁ : ၀၀နာရီထိ ပြဇာတ်စာပေ ဘာသာရပ်ကို လည်းကောင်း၊ နံနက် ၁၁ : ၀၀ မှ မွန်းတည့် ၁၂ : ၀၀ နာရီထိ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာစာပေ ဘာသာရပ်ကိုလည်းကောင်း၊ မွန်းတည့် ၁၂ : ၀၀နာရီမှ မွန်းလွဲ ၁ : ၀၀ နာရီထိ နိုင်ငံရေးစာပေ ဘာသာရပ်ကိုလည်းကောင်း ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၂ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၅ ရက် နံနက် ၁၀ : ၃၀ မှ ၁၁ : ၃၀ နာရီအထိ လည်းကောင်း၊ နံနက်  ၁၁ : ၃၀ မှ နေ့လယ် ၁၂ : ၃၀ နာရီအထိ လည်းကောင်း၊ ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ၂ဝ၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေးအတွက်   ဘာသာရပ်ဆိုင်ရာ စာမူများ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၅) ရက်တွင် စာအုပ် (၁) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး၏ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၆-၄-၂၀၂၃) ရက် နံနက် (၁၀:၃၀) နာရီတွင် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ရာ စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ဌာနစိတ်အသီးသီးက တင်ပြခဲ့ကြပြီးနောက် စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ်သည့် “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ကို (၃) ကြိမ် ဟစ်ကြွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ အရာထမ်း (၁၉) ဦး၊ အမှုထမ်း (၇၁) ဦး၊ စုစုပေါင်း ဝန်ထမ်း (၉၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

 မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) ပြုစုထုတ်ဝေခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

  မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) ပြုစုထုတ်ဝေခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၃) ပြုစုထုတ်ဝေခြင်းလုပ်ငန်း အစည်းအဝေးကို ၁၆-၂-၂၀၂၃ ရက်၊ နေ့လယ် (၂:၀၀) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၁) တွင် မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ-၂ ဆရာကြီးဒေါက်တာမျိုးသန့်တင်က အဖွင့်အမှာစကားပြောကြားခြင်း ဖြင့် အစည်းအဝေးကို စတင်ခဲ့ပါသည်။

စာပေပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော ငွေကြေးထောက်ပံ့ပွဲ အခမ်းအနား ကျင်းပ

စာပေပညာရှင်များအတွက် နိုင်ငံတော်က ချီးမြှင့်သော ငွေကြေးထောက်ပံ့ပွဲ အခမ်းအနားကို ၂၁-၁၂-၂၀၂၂ ရက်၊ နေ့လယ် (၂:၀၀) နာရီတွင် စာပေဗိမာန်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးကို အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး အစီအစဉ် (၁) တွင် စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ် ဦးတိုးကျော်က စာပေဖြင့် နိုင်ငံတော်ကို အကျိုးပြုနေသော ပညာရှင်များအား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်၍ စာပေဖြင့် နိုင်ငံတော်အကျိုးကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ အရာထမ်း၊ အမှုထမ်းတို့ တွေ့ဆုံသည့် အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးမှ အရာထမ်း၊ အမှုထမ်းတို့ တွေ့ဆုံသည့် အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး သို့ (၁၂-၁၂-၂၀၂၂)ရက် နံနက် (၉:၃၀) နာရီတွင် စာပေဗိမာန်ရုံးသို့ ရောက်ရှိ၍ စာပေဗိမာန် အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားလမ်းညွှန်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ