ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်း တို့ တွေ့ဆုံပွဲ၊ ဆန္ဒဖော်ထုတ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်းတို့ တွေ့ဆုံပွဲ၊ ဆန္ဒဖော်ထုတ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၉-၈-၂၀၂၂ ) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် အမှတ် (၅၂၉-၅၃၁)၊ စာပေဗိမာန်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါ သည်။ အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က အဖွင့်အမှာစကား ပြောကြားကာ စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်းတို့၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာကိစ္စများ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခဲ့ပါသည်။

