ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Aug 27, 2024
YAETAMAR COMPANY LIMITED မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၄၇) အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်း၊ A & A MYANMAR BUSINESS PARTNERS COMPANY LIMITED (Voluntary Winding-up by Members) Invitation to the Final General Meetingတို့ ပါဝင်ပါသည်။
Aug 27, 2024
၂၀၂၃ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်း အဝေးကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက် မွန်းလွဲ ၁ : ဝဝ နာရီမှ ၂ : ဝဝ နာရီ အထိ လည်းကောင်း၊  ၂ : ဝဝ နာရီမှ ၃ : ဝဝ နာရီအထိလည်းကောင်း ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး
Aug 23, 2024
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၄)၌ ဖြတ်ထိုးဉာဏ်ကောင်းသော အမျိုးသမီးကြောင့် နန်းတော်တွင် ဖမ်းဆီးထားခံရသော ခင်ပွန်း၊ သားနှင့် မောင်ဖြစ်သူတို့ လွတ်မြောက်နိုင်ခဲ့ပုံကို သရုပ်ဖော်ထားသည့် “ဖြတ်ထိုးဉာဏ်” မျက်နှာဖုံး ကာတွန်း၊ စာအုပ်များကို ရိုသေစွာ ကိုင်တွယ်ဖတ်ရှုသင့်ကြောင်း ဦးအောက ရန်ပိုင်စိုးကို ဆုံးမထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ပိုက်ဆံကျပျောက်သွားသည့် ကလေးကို ပိုက်ဆံပြန်ပေးပြီး ကူညီပေး လိုက်သည့် ဖြိုးရဲအကြောင်း သရုပ်ဖော်ထားသည့်

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ