“ရွှန်းညို (တာချီလိတ်)” ရေးသားသည့် “ရှမ်းရှေ့မြေရနံ့နှင့် ကဗျာစုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“ရွှန်းညို (တာချီလိတ်)” ရေးသားသည့် “ရှမ်းရှေ့မြေရနံ့နှင့် ကဗျာစုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ကဗျာပေါင်းချုပ်၊ ဒုတိယဆုရရှိသည့် စာရေးဆရာမ ရွှန်းညို (တာချီလိတ်) ၏ “ရှမ်းရှေ့မြေရနံ့နှင့် ကဗျာစုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ရှမ်းရှေ့မြေရနံ့၊ မိုင်ဆွန်ခ ရှမ်း‌ရှေ့မြေ၊ သွေးချင်းပျော်မွေ့ ရှမ်းအရှေ့၊ အလှတန်ဆောင် မြစ်မဲခေါင်၊ တိမ်ခိုး‌‌ဝေဝေ ရှမ်းရှေ့မြေ စသည့် ကဗျာပုဒ်ရေ  ၆၇ ပုဒ်ပါရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ရှမ်းတိုင်းရင်းသားတို့၏ ဓလေ့ရိုးရာများကို ဖော်ကျူးထားသော ကဗျာအများစုပါရှိသည်။ မြန်မာကဗျာ စပ်ထုံးစပ်နည်းများ မှန်ကန်စွာဖြင့် လေးလုံးစပ်လင်္ကာ၊ ဒွေးချိုး၊ လေးဆစ်ချိုး၊ လေးချိုး၊ တျာချင်း၊ အိုင်ချင်း၊ ရတု စသည့် ကဗျာဖွဲ့နည်းများဖြင့် ရှမ်းအရှေ့ကဗျာများသာမက နိုင်ငံချစ်စိတ် ကဗျာများ၊ ချစ်ခြင်းမေတ္တာကဗျာများ၊ ရာသီဖွဲ့နှင့် မြန်မာ့ဓလေ့ကဗျာများကို အကြောင်းအရာ စုံလင်စွာဖြင့် တင်ပြထားသည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ 

အဆိုပါ စာအုပ်ကို ရောင်းဈေး  ၄၀၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ