ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Feb 23, 2023
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် စာတည်းမှူးချုပ် (ငြိမ်း) ဆရာဦးမောင်လှိုင် (မောင်ဆွေငယ်) က “ဘာသာပြန်ခြင်းအခြေခံအချက်များ” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦးတို့ တက်ရောက်ခဲ့ကြသည်။
Feb 22, 2023
အဆိုပါ နှိးနှောဖလှယ်ပွဲတွင် ဆရာ KMA က “ဘာသာပြန်ဆိုသူတို့ လိုက်နာသင့်သည့် အယူအဆ သဘောတရားများ” ခေါင်းစဉ်ဖြင့် ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦးတို့ တက်ရောက်ခဲ့ကြသည်။
Feb 21, 2023
၂၀၂၀ ပြည့်နှစ် Insolvency Law အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီစာရင်း ရှင်းလင်းဖျက်သိမ်းဆဲ Treverdi Ventures Limited ထံမှ ရရန်ရှိသည့် ကြွေးမြီများ လာရောက်တောင်းခံ ကြပါရန် အသိပေးကြေညာခြင်း (Insolvency Law ပုဒ်မ ၂၀၁ နှင့် Insolvency နည်းဥပဒေပုဒ်မ ၈၇ အရ)၊ Yangon Origin Fashion Co., Ltd မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ