ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Aug 22, 2022
စာပေဗိမာန်ရုံး၊ စီမံရေးရာဌာနမှ နေပြည်တော် (ရုံးချုပ်) စီမံရေးရာဌာနသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်မည့် ဒေါ်ခင်မမ (လက်ထောက်ညွှန်ကြားရေးမှူး) အား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် နေ့လယ် ၃ : ၃၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 22, 2022
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “အမြင်အာရုံနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် အမြင်အာရုံနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာ၊ သတိပြုသင့် သော အမြင်အာရုံ ထိခိုက်ဆုံးရှုံးခြင်း၊ လူငယ်ရေးရာကဏ္ဍတွင် လူငယ်များအတွက် အခွင့်အလမ်း၊ သင်ပေးသမျှ သင်ပြန်ရ
Aug 19, 2022
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၃၄) ၌ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် စာပေဗိမာန်သမိုင်းကြောင်းနှင့် စာပေဗိမာန်သည် ပြည်သူများအတွက် အသိဉာဏ်ပညာကို လင်းဖြာ‌အောင်

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ