ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jan 14, 2020
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၃) ၌ ဝက်တို့၏ ခြင်္သေ့မင်းနှင့် တိုက်ခိုက်မှု မဖြစ်ပွားစေရန် ဉာဏ်ဆင်ရပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “မတူရင် မတုနဲ့” မျက်နှာဖုံးကာတွန်း၊
Jan 10, 2020
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာစာစောင်၌ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု (မျက်နှာဖုံးဆောင်းပါး)တွင် သတင်းမှားများ ကို စိစစ်ဖို့ MIL ကို မြှင့်တင်စို့၊ အမုန်းစကားများနှင့် လုပ်ကြံသတင်းများကို ဆန့်ကျင် တိုက်ဖျက်ခြင်း၊ ဖေ့စ်ဘွတ် ဘယ်လိုသုံးမလဲ၊ မီဒီယာနှင့်် သတင်းအချက်အလက် သိနားလည်မှု တိုးပွားရေး
Jan 10, 2020
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၂)၊ အမှတ် (၂) ၌ ချမ်းသာကြွယ်ဝသော်လည်း အလွန်နှမြောတွန့်တိုသူ သူဌေးကြီး၏ လောဘမသတ်နိုင်၍ မိမိပစ္စည်းဉစ္စာပါ ဆုံးရှုံးရပုံအကြောင်းကို ရေးဖွဲ့ထားသည့် ‘ကတိသစ္စာ’ မျက်နှာဖုံးကာတွန်း၊ ကလေးများ လူကုန်ကူးမှုနှင့် ပတ်သက်၍

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ