“အထဝါစိုး (မန္တလေး)” ရေးသားသည့် “စာပွင့်ဝတ်မှုန် ကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“စာပွင့်ဝတ်မှုန် ကဗျာများ” စာအုပ်တွင် ကဗျာစုစုပေါင်း (၇၆) ပုဒ်ပါဝင်သည်။ မိသားစုဖွဲ့၊ အညာကျေးလက်ဖွဲ့၊ မြို့ဖွဲ့၊ အမျိုးသားအားမာန်ဖွဲ့များအပြင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကို ညွှန်းဆိုသော ကဗျာများလည်းပါဝင်သည်။ ကဗျာဟန်အနေဖြင့် လေးဆစ်ချိုးအတွဲများကို လှိုင်လှိုင်သုံး၍ ရေးဖွဲ့ထားသည်။ ကဗျာတစ်အုပ်လုံးတွင် တေးထပ်၊ လွမ်းချင်း၊ တျာချင်း၊ အဲချင်း၊ အိုင်ချင်း၊ စကြာလည်လည်တေးထပ်၊ ဧကပိုဒ်ရတု၊ ဟိုက္ကု စသည်ဖြင့် ကဗျာပုံစံအမျိုးမျိုးဖြင့် ရေးဖွဲ့ထားသည်။ ရေးဖွဲ့ပုံပေါ့ပါးသွက်လက်ပြီး အရပ်သုံးစကားလုံးများနှင့် ပါဋ္ဌိသက်စကားလုံးများကို ထည့်သွင်းသုံးစွဲထား သည့် ကဗျာစာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၂ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။