ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Feb 11, 2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၇)၌ မိဘတို့၏ ဆိုဆုံးမမှုကို မနာခံဘဲ မိမိဆန္ဒအတိုင်းလုပ်မိ၍ ဒုက္ခရောက်ရသည့် မောင်လူအေးအကြောင်းကို ရေးဖွဲ့ထားသည့် “မောင်လူအေးရဲ့ နောင်တ” မျက်နှာဖုံးဇာတ်လမ်း၊
Feb 09, 2022
“စက္ကူကျားနှင့်ရွှံ့ရုပ်နွား ကလေးကဗျာများ”  စာအုပ်တွင် ကလေးကဗျာ ၇၆ ပုဒ် ပါဝင်သည်။ တိရစ္ဆာန်မူရာဖွဲ့၊ အရွယ်အစား၊ အနည်းအများ၊ အတိုအရှည် စသည့် ပုံပန်းသဏ္ဌာန် အတိုင်းအတာ ပမာဏဖွဲ့၊ စကားပုံဖွဲ့၊ သတ်ပုံဖွဲ့၊ မြို့ဖွဲ့၊ လူ့အမူအရာသိမ်းသွင်းသောအဖွဲ့ စသည်ဖြင့် ကဗျာအဖွဲ့ မျိုးစုံသည်။
Feb 09, 2022
“နားဝင်ပီယံ ခလောက်သံနှင့် အခြားဝတ္ထုတိုများ” စာအုပ်သည် ကျေးလက်ကိုအခြေခံသော ဘဝသရုပ်ဖော် ဝတ္ထုတို  ၁၃ ပုဒ် ပါဝင်သည်။ ဝတ္ထုအများစုသည် ရေလုပ်သားတို့၏ ကြမ်းတမ်းသော ဘဝ၊ စရိုက်၊ ရုန်းကန်မှုတို့ကို ခြယ်မှုန်းထားသော ဝတ္ထုများ ဖြစ်သည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ