Oct 08, 2025
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်ရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အနာဂတ်အတွက် အားကိုးအားထားပြုရမည့် မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး၊ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်နိုင်ရေးစသည်တို့ကို ပြည်သူများနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Oct 08, 2025
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ကာ ပြည်ပသို့ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာပေါ်တွင် စားရေရိက္ခာထုတ်လုပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မည့် ရေခံမြေခံကောင်းများ ရှိနေသည်။ ပင်လယ်ပြင်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများအတွက် ကျယ်ဝန်းသည့် ရေပိုင်နက်ရှိသကဲ့သို့ ရေချိုငါးလုပ်ငန်းများအတွက် မြစ်ချောင်းအင်းအိုင်များလည်း အများအပြားရှိနေရာ ငါး၊ ပုစွန်၊ ရေထွက်အစားအစာများ ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများ လည်း ပြည့်စုံသည်။
Oct 07, 2025
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (၁) မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားယဉ်ကျေးမှု လက္ခဏာများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး၊ (၂) ပြည်ထောင်စုသွေးချင်းများ၏ သွေးစည်းညီညွတ်သည့်စိတ်ဓာတ်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုစိတ်ဓာတ်တို့ကို မြန်မာ့အနုပညာဖြင့် ဖော်ထုတ်ပြသနိုင်ရေး၊ (၃) မြန်မာ့ရိုးရာ အနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေးနှင့် (၄) နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုနှင့် အနုပညာ၏အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဦးတည်ချက်(၄)ရပ်ဖြင့် နေပြည်တော်တွင် နိုင်ငံတော်အဆင့် စတင်ကျင်းပနေပြီဖြစ်သည်။
Oct 07, 2025
အမျိုးသားယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဝိသေသလက္ခဏာဖြစ်ပြီး အဆို၊ အက၊ အရေး၊ အတီးဟူသော အနုသုခုမပညာရပ်တို့မှာ ကြီးမားကျယ်ပြန့်လှသည့် အမျိုးသားယဉ်ကျေးမှုနယ်ပယ်တွင် အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်သည်။ မိမိတို့၏ ဘိုးဘွားမိဘများသည် သမိုင်းကြောင်းတစ်လျှောက် အမျိုးသားယဉ်ကျေးမှုကို အဆင့်အတန်းမြင့်သည်ထက်မြင့်အောင်မြှင့်တင်ခဲ့ကြသကဲ့သို့ ကောင်းသည့်အမွေအနှစ်များကိုလည်း စဉ်ဆက်မပြတ်တည်တံ့အောင် ထိန်းသိမ်းခဲ့ကြသည်။
Oct 06, 2025
သီတင်းကျွတ်လပြည့်အခါသမယသို့ရောက်သော် ဗုဒ္ဓဘာသာအစဉ်အလာအရ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြခြင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ ဘုရား၊ ကျောင်း၊ လမ်း၊ ရပ်ကွက်၊ ဓမ္မာရုံနှင့် နေအိမ်၊ တိုက်တာ၊ အဆောက်အအုံများတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ကြခြင်းတို့ကို များသောအားဖြင့် ဦးစားပေးပြုလုပ်ကြသည်။ အမှန်တကယ်တွင် သီတင်းကျွတ်လပြည့်နေ့၏ အနှစ်သာရသည် “အဘိဓမ္မာအခါတော်နေ့” ဖြစ်၍ အဘိဓမ္မာတရားကို အမွှမ်းတင်ပြီး ကောင်းမှုအထူးထူးပြုသင့်ကြပေသည်။
Oct 06, 2025
ယနေ့ကမ္ဘာတစ်ခွင်ကို လှမ်းမျှော်ကြည့်လိုက်လျှင် လွန်စွာပင် မတည်မငြိမ်နှင့် ပူလောင်ပင်ပန်းမှုတို့က အများဆုံး ဖုံးလွှမ်းဖိစီးနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ “စိတ္တေန နိယျတေ လောကော” ဟူသော ဘုရားဟောဒေသနာနှင့်အညီ ဤလောကကြီးကို စိတ်က ဦးဆောင်၊ စိတ်က ခြယ်လှယ်လျက်ရှိရာတွင် လောဘ၊ ဒေါသ၊ မောဟ ဟူသော ကိလေသာတို့ကြောင့် ဤသို့လောင်ကျွမ်းနေကြရခြင်းပင်ဖြစ်သည်။
Oct 05, 2025
ဆရာဟူသည် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဟူသည့် ဆရာကျင့်ဝတ်(၅)ပါးနှင့်အညီ တပည့်များအပေါ်တွင် သိသင့်သမျှ အသိပညာ၊ အတတ်ပညာများကို ဆရာစားမချန် မကြွင်းမကျန် အကုန်အစင်သင်ကြားပြသရေးသာမက လိမ္မာရေးခြားရှိစေရေး၊ ဘေးအန္တရာယ်မဖြစ်စေရေး၊ ကောင်းမွန်ရာဘဝတွင် ရပ်တည်နိုင်စေရေးအတွက် မိဘသဖွယ် လမ်းမှန်ညွှန်ပြသောပုဂ္ဂိုလ်ဖြစ်၍ မြန်မာတို့အနေဖြင့် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု ဂုဏ်တင်ပူဇော်ထားရှိပေသည်။
Oct 05, 2025
ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့(World Teachers' Day) ကို နှစ်စဉ် အောက်တိုဘာလ ၅ ရက်သို့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလျက်ရှိကြသည်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝခရီးအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံအတွက်အရေးကြီးသည်။ သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်းတွင် ပညာသင်ကြားခြင်းအလုပ်ဖြင့် အသက်မွေးလုပ်ကိုင်နေကြသည့် ဆရာ၊ ဆရာမများ၏ အရေးကြီးသည့်အခန်းကဏ္ဍကို အသိအမှတ်ပြုရန်လိုအပ်သကဲ့သို့ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ အဆင့်အတန်းကိုလည်း အလေးအနက်ဂုဏ်ပြုကြရန်လိုသည်။
Oct 03, 2025
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အများပြည်သူတို့အနေဖြင့် အမှုအခင်းများပေါ်ပေါက်လာလျှင် တိုင်ကြားအရေးယူဖမ်းဆီးနိုင်သည့် အဖွဲ့အစည်းအဖြစ် သာမန်အားဖြင့် နားလည်ထားကြသည်။ အမှန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်၏ အဓိက အရန်အင်အားဖြစ်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များအပြင် “သစ္စာ၊ သမာဓိ၊ သတ္တိ”ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။
Oct 03, 2025
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် အပြည့်အဝ ပြန်လည်စိုးမိုးထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။
