Apr 30, 2023

ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါမဖြစ်အောင်ကြိုတင် ကာကွယ်ထားခြင်းဖြစ်သည်။ အထူးသဖြင့် ကူးစက်ပြန့်ပွားလွယ်သော ရောဂါအမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်နိုင်သည်။ ဖြစ်ပွားနိုင်သည့်ရောဂါတို့အတွက် ဆိုင်ရာကာကွယ်ဆေးများ အလေးထားထိုးနှံထားခြင်းဖြင့် ရောဂါကြောင့် ဆိုးရွားစွာဖြစ်ပေါ်လာနိုင်မှုကို ကာကွယ်နိုင်သည်။
Apr 28, 2023

နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်စေရန်အတွက် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်လည်း အရေးကြီးသည်။ နိုင်ငံတော်ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားများ၏ မြင့်မားသည့် အသိဉာဏ်ပညာစွမ်းပကားနှင့် တည်ဆောက်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအားထုတ်မှုနှင့်တီထွင်ဖန်တီးလိုစိတ်များရှိရန် အထူးလိုအပ်သည်။
Apr 28, 2023

အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကဟန့်တား နှောင့်ယှက်နေသည့် ဘေးအန္တရာယ်တစ်ခုပင်ဖြစ်သည်။ ထို့အပြင် အဂတိလိုက်စားမှုသည် ကိုယ်ကျင့်သိက္ခာပျက်ပြားမှု၊ ပြစ်မှုကျူးလွန်မှုလည်းဖြစ်ပြီး အစိုးရနှင့် လူမှုအဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကို လျော့နည်းပျက်ပြားစေသည်။ တရားဥပဒေစိုးမိုးမှုကို လည်း ထိခိုက်စေနိုင်သည်။
Apr 26, 2023

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံး သူအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်တွင် ဖတ်ရှုရသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်လူနှင့်ကျွဲနွား သေဆုံးမှုများရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင်လည်း လူသေဆုံးမှုများရှိခဲ့ပြီ ဖြစ်သည်။
Apr 26, 2023

“ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံးသည် တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းညီအစ်ကိုများ ဆိုသည့်စိတ်၊ တောင်ပေါ်မြေပြန့်မခွဲခြား သားချင်းများဆိုသည့်စိတ်၊ မရှိအတူရှိအတူ အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသောမိသားစုများဆိုသည့် စိတ်ဓာတ်ပင်ဖြစ်ကြောင်း” ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ် စဉ်(၅)မှ ကျောင်းသားကျောင်းသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
Apr 24, 2023

ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ဖြစ်ပွားနေသည်မှာ သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ရာစုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ကပ်ရောဂါဆိုးကြောင့် ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာတို့ ကူးစက်ဖြစ်ပွားခံစားကြရပြီး လူ့အသက်ပေါင်း အမြောက်အမြားဆုံးရှုံးခဲ့ရသည်။ ယနေ့ထိတိုင် အဆိုပါရောဂါပိုးသည် အသွင်အမျိုးမျိုးပြောင်း၍ ပျံ့နှံ့နေဆဲဖြစ်ပြီး ပြည်သူများနှင့်အတူယှဉ်တွဲကာ ရှင်သန်နေသည့် မျိုးရိုးဗီဇပြောင်းရောဂါပိုးကို ဆက်လက်ကာကွယ်ထားကြရမည်ဖြစ်သည်။
Apr 24, 2023

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် စတင်ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်ခဲ့သည့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစကာ နိုင်ငံတကာတွင်ပျံ့နှံ့ခဲ့ပြီးသည့်နောက် မျိုးရိုးဗီဇပြောင်းလဲမှု များစွာဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍လည်း ပြောင်းလဲလျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ယခုဧပြီလအတွင်း ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှု အနည်းငယ်မြင့်တက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
Apr 23, 2023

မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ခွင်၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့နေရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းသည် ပုံမှန်ရာသီဥတုဖြစ်စဉ်မှ ပုံမှန် မဟုတ်သော အစွန်းထွက်ရာသီဥတုဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းမှာ သစ်တောသစ်ပင်များပြုန်းတီးလာခြင်းနှင့် စက်မှု၊ သိပ္ပံ၊ နည်းပညာ၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာခြင်းက အဓိကအကြောင်းရင်းဖြစ်သည်။
Apr 23, 2023

၂၁ ရာစုဦးပိုင်းမှစတင်၍ ရာသီဥတုပြောင်းလဲမှုများ ကမ္ဘာတစ်ဝန်းလုံးတွင် သိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများနှင့် ဖြစ်စဉ်များကို ကြုံတွေ့လာခဲ့ကြရသည်။ ရာသီဥတု ပြောင်းလဲမှုဟုဆိုရာတွင် ကောင်းသောပြောင်းလဲမှုထက် ဆိုးသော ပြောင်းလဲမှုကပိုမိုများပြားပြီး သဘာဝဘေးအန္တရာယ်များ အရေအတွက်အားဖြင့် ပိုမိုဖြစ်ပေါ်လာသလို ပိုမို၍လည်း ပြင်းထန်လာသည်ဟု မိုးလေဝသပညာရှင်များက ပြောဆို သည်။
Apr 21, 2023

ရာသီအလိုအရ နွေကာလ၌ ပူခြင်းသည်သဘာဝဖြစ်ရိုးဖြစ်စဉ်ဖြစ်၍ အဆန်းတကြယ်မဟုတ်။ သို့ရာတွင် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီတို့သည် ရာသီဥတုပြောင်းလဲမှုကြောင့် အဆန်းတကြယ်ဖြစ်လာရာ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲနေမှုများကို သတိပြုဖို့လိုမည်ဖြစ်သည်။