Sep 02, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများအတွက် နမူနာယူစရာခွန်အားများ ရရှိနိုင်ပါသည်။
Sep 02, 2023
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူအင်အားအရင်းအမြစ်ကိုအသုံးချရာတွင် လူများအား အတတ်ပညာ၊ နည်းပညာကျွမ်းကျင်မှုပြည့်ဝအောင် လေ့ကျင်သင်ကြားပေးရုံမျှဖြင့် မလုံလောက်သေးဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်စွမ်းဆောင်လိုသည့် တက်ကြွသောအင်အား (Dynamic Force) များ ဖြစ်လာစေရန်လည်း ပြုလုပ်ပေးရန်လိုသည်ဟု ပညာရှင်များကဆိုသည်။ လူတို့၏ စွမ်းဆောင်လိုစိတ်ဟူသည် မွေးရာပါဗီဇစိတ်လက္ခဏာအဖြစ် ရှိခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေများဖြစ်သည့် သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပျိုးထောင်မှုဆိုင်ရာ၊ ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတို့ကိုအကြောင်းပြု၍ ဖွဲ့စည်းဖြစ်ပေါ်လာသော စိတ်ဓာတ်အရည်အချင်းတစ်ခုဖြစ်သည်ဟုလည်းဆိုသည်။
Aug 31, 2023
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခု ဝါခေါင်လပြည့်နေ့ဖြစ်သည်။ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု အစဉ်အလာအားဖြင့် အထွတ်အမြတ်ထားခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မေတ္တသုတ်တော်ကို ထုတ်ဖော်ဟောကြားခဲ့သည် တို့နှင့်စပ်လျဉ်း၍ မေတ္တာအခါတော်နေ့ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။ မေတ္တာအခါတော်နေ့တွင် မေတ္တသုတ်တော်ကို လွှမ်းခြုံဖြန့်ကြက်၍ မြန်မာပြည်တစ်ဝန်းလုံး ဘေးမသန်းဘဲ ငြိမ်းချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။
Aug 31, 2023
စီးပွားရေးလုပ်ငန်းငယ်တစ်ခု အောင်မြင်ရေးမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ စာရင်းဇယားများ မှန်ကန်တိကျမှုရှိရန် လိုအပ်သည်။ စီးပွားရေးလုပ်ငန်းငယ်တစ်ခုအဖို့ သွင်းကုန်၊ ထုတ်ကုန်၊ ကုန်ရောင်းကုန်ဝယ်၊ ဝင်ငွေထွက်ငွေစာရင်းဇယားများ မှန်မှန်ကန်ကန်ရှိမှသာ လုပ်ငန်းအောင်မြင်အောင် စီမံဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင်လည်း မြေပြင်နှင့် ကိုက်ညီမှန်ကန်သော စာရင်းဇယားအချက်အလက်များရရှိရန် အရေးကြီးသည်။
Aug 30, 2023
မိသားစုအသိုက်အမြုံကို ထိန်းသိမ်းမြှင့်တင်ပေးမည့်သူများ၊ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူကြမည့်သူများသည် ယနေ့လူငယ်လူရွယ်များဖြစ်သည်။ အဖြူရောင်သက်သက် လူငယ်လူရွယ်များကို ကိုယ်ကျင့်တရားကောင်းမွန်ပြီး အရည်အသွေးတောက်ပြောင်အောင် ပျိုးထောင်ပေးနိုင်မှ မိသားစုနှင့် နိုင်ငံတော်၏ အနာဂတ်လင်းလက်တောက်ပြောင် ဝင့်ထည်လာမည်ဖြစ်သည်။
Aug 30, 2023
ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာကြီးတွင် ဝါဒရေးရာအရ နှစ်ခြမ်းကွဲခဲ့သည်။ ဖက်ဆစ်ဝင်ရိုးတန်းနိုင်ငံများကို ဘုံရန်သူအဖြစ် အတူတိုက်ခဲ့ကြသည့် ဝါဒမတူသော ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ စစ်အပြီးတွင် လမ်းခွဲခဲ့ကြပြီး အပြိုင်အုပ်စုနှစ်စုအဖြစ် ပေါ်ထွန်းလာသည်။ စစ်ပြီးကာလ ကမ္ဘာ့ရေးရာများတွင် ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာဆုံမှတ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့ကြီးအဖြစ် ပုံဖော်ခဲ့သည်။
Aug 27, 2023
မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးကိုအကြောင်းပြု၍ ဖိအားပေးမှုများနှင့် ဂယက်ရိုက်ခတ်မှုများသည် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ကြီးမားသောစိန်ခေါ်မှုများဖြစ်သည်။ အခက်အခဲနှင့်စိန်ခေါ်မှုများ မည်သို့ရှိသည်ဖြစ်စေ ပြည်တွင်းအင်အား၊ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။
Aug 27, 2023
၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ မြန်မာနိုင်ငံတွင်မူ ယင်းမတိုင်မီကာလ ၂၀၁၈ ခုနှစ်ကပင် ရခိုင်ပြည်နယ် အရေးကိစ္စကိုအကြောင်းပြ၍ ဟန့်တားပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ ခရီးသွားဧည့်သည်များလာရောက်မှုကို လက်လွှတ်ခဲ့ရပြီး အာရှနှင့်အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများကိုသာ မျှော်ခဲ့ရသည့်အနေအထားရှိခဲ့သည်။
Aug 26, 2023
မြန်မာနိုင်ငံတွင် ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲမှာ ကုန်စည်ပစ္စည်းဈေးနှုန်းများ မြင့်မားနေခြင်းဖြစ်သည်။ ကုန်ပစ္စည်းတန်ဖိုးများ မြင့်မားနေခြင်းအကြောင်းရင်းသည် ပြည်ပသွင်းကုန်များပြားခြင်းကြောင့် ကုန်သွယ်မှုလိုငွေမြင့်မားခြင်းကို အကြောင်းခံပေသည်။ သွင်းကုန်များ၍ နိုင်ငံခြားငွေလိုအပ်ချက်များလာသည်ကို အကြောင်းပြုပြီး ငွေကြေးဈေးကွက်တွင် ငွေလဲလှယ်နှုန်းမြင့်တက်လာကာ ကုန်ပစ္စည်းဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာသည်။
Aug 26, 2023
ကမ္ဘာ့နိုင်ငံအချို့ သဘာဝ၏မျက်နှာသာပေးမှုကြောင့် ကြွယ်ဝချမ်းသာသည်။ ဥပမာအားဖြင့် ဧရာမရေနံသိုက်ကြီးများ ပိုင်ဆိုင်ပြီး မိမိတို့နိုင်ငံသားများကို လိုလေသေးမရှိထားပေးနိုင်သော အရှေ့အလယ်ပိုင်းဒေသမှ ရေနံသူဌေးနိုင်ငံများကဲ့သို့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့မှာမူ သဘာဝက မျက်နှာသာမပေးမှုများကြောင့် စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေကြရသည်။ ဥပမာ နိုင်ငံ၏အစိတ်အပိုင်းအများစုမှာ သဲကန္တာရများဖြစ်နေပြီး ရာသီဥတုဖောက်ပြန်မှုများဖြစ်တတ်သည့် အာဖရိကနိုင်ငံအချို့ကဲ့သို့ဖြစ်သည်။ မိမိတို့ မြန်မာနိုင်ငံမှာမူ ယင်းသို့သော နိုင်ငံနှစ်မျိုးလုံးနှင့် မတူကွာခြားသည်။
