Aug 13, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက် (၉) ရပ်တွင် “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ အားကစားကဏ္ဍကို မြှင့်တင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက နိုင်ငံတကာအလယ်တွင် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားထည်ဝါရေးအတွက်လည်း လွန်စွာအရေးပါသည်။
Aug 10, 2023

နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်နေသည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်ရှိသည်။ လက်ရှိတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော်၍ နိုင်ငံ၏အနာဂတ်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Aug 10, 2023

ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းသည်လည်း ဝန်ဆောင်မှုကဏ္ဍတွင် ပါဝင်ခြင်းကြောင့် အားပေးမြှင့်တင်သွားရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်မီက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းအခြေအနေမှာ တိုးတက်မှုနှင့်အလားအလာအရှိဆုံး အနေအထားအထိရောက်ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလတွင် ကိုဗစ်-၁၉ ရောဂါ ဝင်ရောက်လာခဲ့ပြီးနောက် အခြေအနေကောင်းများအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
Aug 09, 2023
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် တည့်မတ်ခိုင်မာစေရေးအတွက် နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းရယူထမ်းဆောင်ခဲ့သည်။ ထိုအခါ CRPH၊ NUG နှင့် PDF အဖွဲ့များကို တရားမဝင်ဖွဲ့စည်းပြီး လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြစ်ပေါ်လာသည်။
Aug 09, 2023

နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်သတ်မှတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဩဂုတ်လ ၂ ရက်နေ့တွင်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အား ဩဂုတ်လ ၃ ရက်နေ့တွင် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
Aug 07, 2023
အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများသည်လည်း အရေးပါသည့်ကဏ္ဍတစ်ရပ်အနေဖြင့် ပါရှိနေရာ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျတိုးတက်ဖြစ်ထွန်းနေစေရန် လိုအပ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာနှင့် လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလိုင်စင်များ နှောင့်နှေးကြန့်ကြာ ခြင်းမရှိဘဲ ခွင့်ပြုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးနေသည်။
Aug 06, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ပြီးမြောက်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်နေ့၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ရာ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါသည်။
Aug 06, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများရရှိအောင် ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးဂရုပြုဆောင်ရွက်ပေးနိုင်ရန် အရေးကြီးသည်။ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်အောင်မြင်မြင်လွှမ်းခြုံဆောင်ရွက် နိုင်သည်နှင့်အမျှ ကလေးငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အပေါ် အကျိုးသက်ရောက်မှုများရရှိလာမည် ဖြစ်ပြီး ပညာတတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
Aug 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ ပထမဆုံးအချက်တွင် “ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်” လုပ်ငန်းစဉ်ချမှတ်ထားသည်။ တပ်မတော်သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး ယခုအခါ ယခင်ထက် တည်ငြိမ်အေးချမ်းမှုများ ရရှိလာသည်။
Aug 05, 2023

မိုးအများအပြားရွာသွန်းမှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တွင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာကာမြို့၊ ရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းများအရသိရှိရသည်။ အချို့မြို့နယ်တို့တွင် ယာယီရေဘေးရှောင် ပြောင်းရွှေ့ရခြင်း၊ အချို့မြို့နယ်များတွင်လည်း ရေဘေးအန္တရာယ်ကျရောက်လာပါက ရေလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ဆော်ဩခြင်း၊ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။