Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးများရိတ်သိမ်း

မိုးကောင်း ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ရေတွင်းကုန်းအုပ်စု ပင်းဘောကျေးရွာရှိ ဆန်းသစ်လယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဒေါ်ဖြူဖြူဝင်းပိုင် လယ်ဧက ၁၁ ဧကတွင် GW-11 စပါးမျိုးနှစ်ဧက စံကွက်ရိတ်သိမ်းမှုအခြေအနေကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ GW-11 စပါးခင်းများအား စံကွက်ရိတ်သိမ်းမှုများကို ကောင်း၊ သင့်၊ ညံ့ စံကွက်ခွဲ၍ ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှစပါး ၁၂၅ တင်းမှ တင်း ၁၃၀ ကြား ထွက်ရှိကြောင်း သိရသည်။                            

သတင်းစဉ်