Skip to main content

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ပြောင်းဖူးစေ့များ ဆက်လက်တင်ပို့

နေပြည်တော် မေ ၁၂

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၅၄၀၀၊ ​ရွှေမဲဆိပ်ကမ်း (SMJ) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၂၇၀၀၊ Wilmar (Wilmar International Port Terminal) ဆိပ်ကမ်းမှ ​​ဆန်တန်ချိန် ၄၈၅၀ တင်ပို့ခဲ့သည်။

ထို့ပြင် မေ ၁၅ ရက်တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ပြောင်းဖူးစေ့တန်ချိန် ၇၁၉၀၀ နှင့် ဆန်တန်ချိန် ၆၀၀၀၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ ပြောင်းဖူးစေ့တန်ချိန် ၅၃၅၀၀၊ အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT) မှ ပြောင်းဖူးစေ့တန်ချိန် ၅၈၄၀၀ ၊ ဆန်တန်ချိန် ၁၂၅၀၀ ၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal- TMT)မှ ပြောင်းဖူးစေ့ တန်ချိန် ၂၉၅၀၀၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၅၄၀၀၊ Yangon International Gateway Terminal(YIGT)မှ ​ပြောင်းဖူး​စေ့တန်ချိန် ၁၁၀၀၀ ၊ Myanmar Five Star Line (MFSL) ဆိပ်ကမ်းမှ ​ပြောင်းဖူး​စေ့တန်ချိန် ၂၇၀၀ ဆက်လက်တင်ပို့သွားမည်ဖြစ်​ကြောင်း သိရသည်။

သတင်းစဉ်