Jan 06, 2024
(၁) ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး။
Jan 06, 2024
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအသီးသီး ပေးပို့ကြပါသည်။
Jan 06, 2024
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် သီရိငါးမြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနရုံးများသို့ သွားရောက် စစ်ဆေးသည်။
Jan 06, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ် ပညာရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးတက္ကသိုလ်သို့ သွားရောက်၍ စာသင်ခန်း များတွင် အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနေကြသည့် လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား သည်။
Jan 06, 2024
ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲခန်းပညာရှင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Jiangsu CDC) သို့ ပညာတော်သင်စေလွှတ် ၍ ဓာတ်ခွဲခန်းဆိုင်ရာ ပညာရပ်များ လေ့ကျင့် သင်ကြားပေးလျက်ရှိရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနရှိ သင်တန်းခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။
Jan 06, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်းကျောင်းများမှ တာဝန်ရှိသူများကို ဝန်ကြီးဌာန၏ နီလာခန်းမမှ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။
Jan 06, 2024
နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်စွမ်းအားမြင့်မားလာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်ပြီး နိုင်ငံသားတစ်ဦးချင်း၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေတို့ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။
Jan 06, 2024
လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 06, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
Jan 06, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 06, 2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီး၊ ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ (ပြည်)မှ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
Jan 06, 2024
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 06, 2024
နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်တွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး ပြောကြားသည်။
Jan 06, 2024
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၄/၂၀၂၃)၏ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေနံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌လည်းကောင်း တစ်ပြိုင်တည်းကျင်းပရာ နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁) ဦးကျော်မျိုးထွဋ်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
Jan 06, 2024
သူတစ်ပါးကို ချီးမြှင့်ခြင်းသည် “သင်္ဂဟ” ဟုခေါ်ပါသည်။ ဤသင်္ဂဟတရားထွန်းကားမှ လောကကြီးငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေအားလျော်စွာ ချီးမြှင့်ထိုက်သူ၊ ချီးမြှောက်ထိုက်သူတို့ကို ချီးမြှင့်ခြင်းတို့အား ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် လောကကောင်းကျိုးဖြစ်ထွန်းရုံသာမက ကြီးပွားချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာစေတနာထားဆက်ဆံကြရာတွင် သင်္ဂဟတရားများသည် အလွန်အရေးကြီးပြီး တရားနှင့်လျော်ညီသည့် ကောင်းခြင်းမင်္ဂလာဖြစ်သည်။
Jan 05, 2024
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၁/၂၀၂၄) ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၉၆၅၂ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။
Jan 05, 2024
တပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ လက်ပံချောင်းရွာနှင့် မောင်းတောမြို့နယ်၊ ကံသာယာအထက်ရွာတို့တွင် ပြည်သူများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
Jan 05, 2024
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာ-တရုတ် နှစ်ဖက်ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရမည့်လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ Online၊ Offline ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
Jan 05, 2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီလ ၂ ရက် မွန်းလွဲပိုင်းတွင် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Jan 05, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။