Skip to main content

Jan 09, 2024

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် မျက်စိအထူးကုဆေးရုံကြီး ရန်ကုန်မြို့မှ မျက်စိအထူးကုဆေးအဖွဲ့နှင့် ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများ ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့်အတူ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ၂၃၀ကေဗွီ ပုသိမ်ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီး (၅) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသော တပ်မတော်သားများအတွက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ဂုဏ်ပြုအလှူငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီ ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

(၁) ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုရှိသော နိုင်ငံများရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသေးသော နိုင်ငံများလည်းရှိသည်။ နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပဋိပက္ခအမျိုးမျိုးရှိမည်ဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ တည်ငြိမ် အေးချမ်းမှုရှိသော နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝပိုင်ဆိုင်နိုင်သော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသောနိုင်ငံများမှာ တိုးတက်မှုနှေးကွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုရှိအောင် ဝိုင်းဝန်းကြိုးစားပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2024

ဆင်းရဲနွမ်းပါးမှုသည် ကျောင်းနေအရွယ်ကလေးငယ်အား စာသင်ခန်းကို စွန့်ခွာစေကာ လုပ်ငန်းခွင်များဆီသို့ ရောက်ရှိသွားစေသည်။ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမား ၁၅၂ သန်းခန့်ရှိသည့်အနက်မှ ၇ ဒသမ ၄ ရာခိုင်နှုန်းသည် အာရှ-ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍများထဲတွင် အများဆုံးရှိနေကြသည်။ ၂၀၁၅ ခုနှစ် စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိနေပြီး ၎င်းတို့ထဲမှ ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ယနေ့နံနက် ၁၀ နာရီတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု(၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာအဖွဲ့များက အကအလှများဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အစားထိုးခန့်အပ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၃၁-၁၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၁-၂၀၂၄) ရက် နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၃၆၃) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၈) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်းသို့ ရောက်ရှိပြီး MV. Yong Sheng 151 သင်္ဘောပေါ်သို့ Tun Myat Thu ကုမ္ပဏီလီမိတက် Hey Day Energy ကုမ္ပဏီလီမိတက်၊ Asia Empower ကုမ္ပဏီလီမိတက်၊ Myanmar Pulses Zone Co., Ltd. တို့က ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မည့် ပြောင်းစေ့တန် ၁၁၅၀၀ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 08, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာသို့ ပြောင်းရွေ့ခံရမည်စိုး၍ အထက်အဆင့်ဆင့်သို့ ငွေကျပ်သိန်းရာချီလာဘ်ထိုးနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်