Jan 05, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်ရှိ ဒိုးပင်၊ ကြူးတောင်ခြေနှင့် ဝဲကြီးကျေးရွာတို့အား ဇန်နဝါရီလ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ RFA မှ သတင်းအမှား ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Jan 05, 2024
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေမွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jan 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် (သောကြာနေ့)၊ ၁၈၀၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။
Jan 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong အား နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
Jan 05, 2024
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ကွင်းချောင်းတံတားအား ယနေ့နံနက်ပိုင်းတွင် KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
Jan 05, 2024
တောင်ကိုရီးယားတွင် တရားမဝင်အလုပ်လုပ်နေသော နိုင်ငံခြားသားများအနေဖြင့် ဒဏ်ကြေးလွတ်ခွင့်အပြင် ပြန်ဝင်ခွင့်ကန့်သတ်ချက်များမှလည်း ကင်းလွတ်ခွင့်ရနိုင်မည့် နေရပ်ပြန်နိုင်ရေးအစီအစဉ်ကို ဖေဖော်ဝါရီလကုန်အထိ သက်တမ်းတိုးမြှင့်ထားကြောင်း မြန်မာသံရုံးအသိပေး
Jan 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၁/၂၀၂၄)အရ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟို အကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၀၅၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Jan 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူ ၉၆၅၁ ဦးနှင့် နိုင်ငံခြားသား ၁၁၄ ဦးတို့ကို ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
Jan 05, 2024
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
Jan 05, 2024
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဝန်ထမ်းဟောင်းများအသင်း၏ သတ္တမအကြိမ် အာစရိယပူဇော်ပွဲနှင့် အသက် (၈၀) နှစ်အထက် အသင်းဝင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
Jan 05, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ အထောက်အကူပြု ဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခွဲတို့ ပူးပေါင်း၍ (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲ(သပြေကုန်း)၌ ကျင်းပသည်။
Jan 05, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Jan 05, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ အထက(၈) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှု အားပေးသည်။
Jan 05, 2024
၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ရင်ပြင်၌ ကျင်းပပြုလုပ်သည်။
Jan 05, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဂုဏ်ပြုဆောင်ခန်းမ၌ ကျင်းပသည်။
Jan 05, 2024
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
Jan 05, 2024
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။
Jan 05, 2024
ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများစွာတို့နှင့် ကြုံတွေ့ခဲ့ရသည်။ အခက်အခဲပဋိပက္ခများကြောင့် နိုင်ငံယိုယွင်းပျက်စီးလုနီးနီး ဖြစ်ခဲ့သည့်နိုင်ငံများရှိသည်။ ခေတ်ဆိုးကာလကြီးတွင် ပြည်သူများ ထိခိုက်ပျက်စီးခဲ့ကြရပြီး နာလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရသည်။ သို့သော်လူဟူသည် အသိဉာဏ်စွမ်းပကားမြင့်မားသူများဖြစ်ကြသဖြင့် သုညအခြေအနေမှ ပြန်လည်မြင့်တက်နိုင်အောင် ကြိုးစားနိုင်ကြသည်။ ထိုနိုင်ငံများကို ယနေ့မြင်တွေ့နိုင်သည်။
Jan 05, 2024
သမိုင်းပေးတာဝန်ဟူသည် မိမိတို့ရှင်သန်ဖြတ်သန်းနေကြသည့် ခေတ်ကာလ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက် နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းရွက်အပ်သော ဝတ္တရားဟူ၍ ယေဘုယျအားဖြင့် ဖွင့်ဆိုနိုင်သည်။ သမိုင်းပေးတာဝန်၏ အနက်အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်မှသာ နိုင်ငံနှင့်လူမျိုး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ဖွင့်ဆိုမှုမှားယွင်းမည်ဆိုပါက လုပ်ရပ်အမှားများ ကျူးလွန်မိကာ သမိုင်းတွင် တရားခံဘဝကျရောက်မည်ဖြစ်သည်။