Skip to main content

ပုဇွန်တောင်မြို့နယ်၌ ဓမ္မသဘင်ပူဇော်ပွဲ ကျင်းပ

ရန်ကုန် ​မေ ၂၀

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ဦးစီး၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ပုဇွန်တောင်မြို့နယ်)က ကြီးမှူးကျင်းပသော ဓမ္မသဘင်ပူဇော်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းတည်ရှိသောဇောတိကဓမ္မာရုံတော်ကြီး၌ မေ ၁၈ ရက် ညပိုင်းနှင့် မေ ၁၉ ရက် ညပိုင်းက ကျင်းပခဲ့သည်။

ဓမ္မသဘင်ပူဇော်ပွဲသို့ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဗဟိုအထွေထွေအတွင်းရေးမှူး ဦးခင်ဝေ၊ ဗဟိုဘဏ္ဍာရေးမှူး ဦးလှကြူ၊ ဗဟိုစာရင်းစစ် ဦးလှကျော်၊ ဗဟိုအလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ တရားနာကြွရောက်ကြသည်။

သတင်းစဉ်