Skip to main content

အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၀

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(စီမံ ခန့်ခွဲရေး)က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၉)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၆၅ ဦး၊ သင်တန်းသူ ၁၉၃ ဦး စုစုပေါင်း ၃၅၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၀ ပတ်ကြာမြင့်မည်ဖြစ်သည်။

သတင်းစဉ်