Mar 12, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် တမာပင်ကျေးရွာအနီး မကျီးရိုးရေလွှဲဆည်လက်ဝဲမြောင်းရေသောက်စနစ်၊ တောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော သခွားမွှေးစိုက်ခင်းနှင့် တမာပင်ကျေးရွာရှိ ပုဂ္ဂလိကဥစားကြက် မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အကြံပြုဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Mar 12, 2024
ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား ၆၀ ကို တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့် ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနတို့ပူးပေါင်းပြီး တရားခွင် လက်တွေ့သရုပ်ပြသခြင်း(MOCK TRIAL)ကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်းအစီအစဉ်အရ “ကောင်းမွန်သောအုပ်ချုပ်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို လူ့အခွင့်အရေးရှုထောင့်မှသုံးသပ်ခြင်း - THE CHALLENGES OF REFORMS FOR GOOD GOVERNANCE FROM THE HUMAN RIGHTS POINT OF VIEW”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။
Mar 12, 2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ယနေ့စတင်ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။
Mar 12, 2024
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
Mar 12, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Mar 12, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း(၂/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက်ကတောင်ကြီး မြို့နယ်အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပသည်။
Mar 12, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Mar 12, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Mar 12, 2024
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Mar 12, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
Mar 12, 2024
ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Mar 12, 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Mar 12, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ကျအဖွဲ့အစည်းများက ဥပဒေနှင့်အညီ နေ့စဉ်ထိရောက်စွာတိုက်ဖျက်လျက်ရှိရာ မတ်လ ၇ ရက်နေ့ တစ်ရက်တည်းတွင် တရားမဝင်စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များကိုပါ ဖမ်းဆီးရမိခဲ့သည့် သတင်းများကိုတွေ့ရသည်။
Mar 12, 2024
ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ကုန်ထုတ်တိုးမှ နိုင်ငံ့ဝင်ငွေတိုးမည်၊ နိုင်ငံ့ဝင်ငွေတိုးမှ နိုင်ငံအတွက်လိုအပ်သည့် တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးစသည့်လုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်ဟူသည့် အကြောင်းအကျိုးများကြောင့်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရာတွင် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားဆောင်ရွက်သွားကြရမည်ဖြစ်သည်။
Mar 11, 2024
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
Mar 11, 2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ မတ်လ ၇ ရက်နေ့တွင် အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်ကို စစ်မှုထမ်းဥပဒေအရ တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
Mar 11, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တို့တွင် မတ်လ ၁၀ ရက်နေ့က နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချမှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။
Mar 11, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း သတင်းအရစောင့်ဆိုင်းနေစဉ် ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ)ချစ်မွှေး၊
Mar 11, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
