Mar 09, 2024
“အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
Mar 09, 2024
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံပန်းတိုင်အထွက်နှုန်းတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စက်မှုကုန်ကြမ်းသီးနှံများတွင် ဝါသည်အရေးပါသည့် သီးနှံတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဝါသီးနှံစိုက်ပျိုးကြပြီး ဝါစိုက်ဧကငါးသိန်း စိုက်ပျိုးနိုင်မည်ဆိုပါက ချည်ပိတ်ကိုက်သန်းပေါင်း ၅၈ သန်းထွက်ရှိမည်ဖြစ်၍ နိုင်ငံလူဦးရေ သန်း ၅၀ ကျော်၏ ဝတ်ရေးအတွက် ဖူလုံမည်ဖြစ်သည်။
Mar 09, 2024
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၇ ရက်က ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဝါကြိတ်စက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးရန် စသည့်အချက်များကို ထည့်သွင်းဆွေးနွေး မှာကြားခဲ့သည်။
Mar 08, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက်၊ ဥဿာသီရိစာသင်တိုက်၊ သာသနာ့ပါလကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော် ၁၆၀ ပါးတို့က လာရောက်ဖူးမြော် ကြည်ညိုကြသည်။
Mar 08, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို မတ်လ ၆ ရက်နေ့က တပ်မတော်မှဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 08, 2024
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းဆောင်ရန်အတွက် ဖေဖော်ဝါရီလအတွင်းက တပ်မတော်မှလာရောက် ခေါ်ဆောင်သွားကြောင်းနှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်ရွာလျှင် လူငယ် ၂၀ ဦး စုဆောင်းပေးရန် တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင် လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Mar 08, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာရှိ သဘာဝတရားရိပ်သာဆေးရုံကို ယနေ့နံနက်ပိုင်းက တပ်မတော်မှ လေယာဉ်ဖြင့်ဗုံးကျဲမှုကြောင့် ဆေးရုံအဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဘိုး ၂ ဦးသေဆုံးကာ အဘိုးအဘွားသက်ကြီးရွယ်အို ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 08, 2024
ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 08, 2024
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို တပ်မတော်၏အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးကာကွယ်စောင့်ရှောက်ရေး။
Mar 08, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor, C11 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Leapmotor, T03 (Luxury) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Bestune Nat E05 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ တရုတ် နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Mar 08, 2024
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဋ္ဌမအကြိမ်မြောက် မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ကျင်းပသည်။
Mar 08, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက် မြို့ပတ်လမ်းသွယ်ရှိ ကုန်လှောင်ရုံ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ceramic Floor Tile ၁၄၀၀ စတုရန်းမီတာအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 08, 2024
၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော် (World Youth Festival 2024 ) ကို ရုရှားနိုင်ငံ ဆိုချီမြို့တွင် မတ် ၁ ရက်မှ ၆ ရက်အထိ ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားပြု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ လူငယ် ၁၀ ဦး ပါဝင်တက်ရောက်ကြသည်။
Mar 08, 2024
(၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမနှင့် နယ်မြေခံသင်တန်းကျောင်းခန်းမတို့၌ ကျင်းပသည်။
Mar 08, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အဆိုပါမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။
Mar 08, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Mar 08, 2024
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ စာပဒေသာ ဒုတိယဆုရ “ယဉ်အောင်ဟိန်း” ရေးသားသည့် “ကျောက်သမား၊ ကျောက်စိမ်းနှင့် ကျောက်လောက” စာအုပ်ကို ၂၀၂၄ ခုနှစ် မတ်လ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။
Mar 08, 2024
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့ တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။
