Skip to main content

ရေနံချောင်းမြို့နယ်၌ ယခုနှစ် မိုးရာသီတွင် ပဲမျိုးစုံစိုက်ဧက ၂၅ဝဝဝ ကျော် စိုက်ပျိုး

ရေနံချောင်း ဇူလိုင် ၃ဝ

ယခုနှစ် မိုးရာသီတွင်ပဲမာမျိုးစုံစိုက်ဧက ဧက ၂၅ဝဝဝ ကျော်ကို လျာထားစိုက်ပျိုးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အညာဒေသတွင် ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းနှင့် ပဲနောက်တို့ကို မိုးရာသီတွင် သီးထပ်၊ သီးညှပ်အဖြစ် ယာမြေများတွင် အဓိကထားစိုက်ပျိုးကြသည့်အပြင် သီးခြားစိုက်ပျိုးကြသည်။

ပဲမာမျိုးစုံများသည် ပြည်တွင်းမုန့်လုပ်ငန်းများမှ ဝယ်ယူသည့်အပြင် ပြည်ပသို့လည်းတင်ပို့ရသဖြင့် စိုက်ပျိုးသူများအတွက် စျေးကွက်ပုံမှန်ရှိ၍ အရောင်းအဝယ်ကောင်းကြောင်း သိရသည်။

ကုမ္ပဏီများက လက်လီ/လက်ကားအရောင်းဆိုင်များမှတစ်ဆင့် ပြည်သူများသို့ နေ့စဉ်၊ လစဉ်စားအုန်းဆီများ ဖြန့်ဖြူးပေးလျက်ရှိသည်။ ထိုသို့ ဖြန့်ဖြူးလျက်ရှိသော်လည်း အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန်အခက်အခဲရှိသော အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာဝယ်ယူနိုင်ရန်၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန်ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့် ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွက်ထားသည်ဟု ဇူလိုင် ၃၀ ရက်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်ထားသည်။

ဝယ်ယူနိုင်ရန်အတွက် Call Center ဖွင့်လှစ်၍ မှာကြားချက်များကို မှာကြားနိုင်ရန် လက်ခံမှတ်သားသွားမည်ဖြစ်၍ ဇူလိုင် ၃၁ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၃နာရီခွဲအတွင်း တနင်္လာနေ့မှစနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၂၂၂ (လိုင်းခွဲ ၇ လိုင်း) သို့ မှာကြားနိုင်ကြောင်း အသိပေးထားသည်။ ဈေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင်ထုတ်ပြန်သည့် လက်ကားရည်ညွှန်းဈေးနှုန်းကိုအခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်း မရှိဘဲဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းပါရှိသည်။

Delivery ခကို မှာကြားသည့် ဝယ်သူဘက်မှပေးချေရမည်ဖြစ်ပြီး ပစ္စည်းရောက်ငွေချေစနစ်ဖြင့်သာရောင်းချသွားမည်ဖြစ်သည်။ ထို့အတူ ဆီဖိုးကို ကြိုတင်ငွေပေးချေရန် မလိုကြောင်းနှင့်မှာကြားရက် နှင့်ပစ္စည်းရောက်မည့်ရက်မှာ သုံးရက်ခန့်ကွာခြားနိုင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ အသိပေးကြေညာထားသည်။           

MT