Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဘုန်းကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၃

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ ပစ္စည်းလေးပါးဒကာအဖြစ် ခံယူကိုးကွယ်သော ဘုန်းကြီးကျောင်းများ၌ ဝါတွင်းကာလအတွင်း ဆရာတော်သံဃာတော်များ၊ သီလရှင်များ စိတ်ချမ်းမြေ့စွာ တရားဘာဝနာပွားများနိုင်စေရန် ပစ္စည်းလေးပါးပြည့်စုံရေးအတွက် လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ မြို့ဦးအောင်ချမ်းသာကျောင်းတိုက်၊ သဒ္ဓမ္မပါလကျောင်းတိုက်၊ ဘုရားကြီးတောရကျောင်းတိုက်နှင့် မြို့သစ်ကျောင်းတိုက်တို့ကို သန့်ရှင်းရေးကောင်းမွန်စေရန်အတွက် ဝန်ထမ်းများဖြင့် သန့်ရှင်းရေးဆောင်ရွက် ကုသိုလ်ယူမှုကို လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ဆရာဒကာကျောင်းတိုက်များရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား နေ့ဆွမ်းများဆက်ကပ်ပြီး ပစ္စည်းလေးပါးအတွက် မြို့ဦးအောင်ချမ်းသာကျောင်းတိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် ပါး/ဦး ၄၀၊ သဒ္ဓမ္မပါလကျောင်းတိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် ၂၃ ပါး/ဦး၊ ဘုရားကြီးတောရကျောင်းတိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် ၁၆ ပါး/ဦးနှင့် မြို့သစ်ကျောင်းတိုက်မှ ၉ ပါး/ဦး၊ စုစုပေါင်း ၈၈ ပါး/ဦးတို့အတွက် ဝတ္ထုအလှူငွေကျပ် ၁၃၀၀၀၀၀၀ (ကျပ်သိန်းတစ်ရာ့ သုံးဆယ်တိတိ)နှင့် ပေါ်ဆန်းမွှေးဆန် (၆ ပြည်အိတ်) ၁၆၀၊ ဆီပိဿာ ၆၀၊ ပဲ ၁၃၃ ပိဿာ၊ ဆား ၇၉ ပိဿာ၊ ကြက်သွန်ဖြူ ၇၉ ပိဿာနှင့် ကြက်သွန်နီ ၇၉ ပိဿာ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၀၆ သိန်းကျော်ဖိုး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်