Skip to main content

Jul 20, 2025

၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်နှင့် တပ်ကုန်းမြို့နယ် သံလွင်လမ်း၊ ပုဗ္ဗသီရိ-တပ်ကုန်းလမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းအတွင်းရှိ ဆင်သေချောင်းဘေး ဝဲ/ယာ လယ်ယာမြေများပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေ ပိုမိုရရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

(၇၈) နှစ်မြောက်အာဇာနည်နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို နေပြည်တော်ကောင်စီဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆွမ်းဆက်ကပ်ခြင်း၊ အလှူဒါနပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

(၇၈) နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးမုခ်ဦးတံခါးဝရောက်ခါနီးချိန်ခါမှ မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ ကြေကွဲဝမ်းနည်းဖွယ်ရာ ကျဆုံးခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၇၈ နှစ်တိုင်ခဲ့ချေပြီ။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံပိုင်မီဒီယာများက အာဇာနည်နေ့အခမ်းအနားနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက အောက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွား ဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ မကြာသေးမီက အကြမ်းဖက်သောင်းကျန်းသူများ ယာယီသိမ်းပိုက်ခဲ့သော လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2025

နောင်ချိုဒေသတစ်ဝိုက်ကို တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံတိုင်းရင်းသားပြည်သူများက တပ်မတော်နှင့် ဌာနဆိုင်ရာများအား အားပေးထောက်ခံကြိုဆိုကြ သည့်မြင်ကွင်းများ၊ တပ်မတော်အရာရှိများ၊ တပ်မတော်သားများကလည်း ဒေသခံပြည်သူများကို ရင်းနှီးနွေးထွေးစွာ နှစ်သိမ့်အားပေး နေသည့် မြင်ကွင်းများမှာ ကြည်နူးဖွယ်ရာ မြင်ကွင်းများပင်ဖြစ်သည်။ ဤသည်မှာ အကြမ်းဖက်သောင်းကျန်းသူတို့ ထိန်းချုပ်ထားစဉ်ကာလအတွင်း ဒေသခံပြည်သူတို့အနေဖြင့် ကိုယ်စိတ်နှစ်ပါး မည်မျှပင်ပန်းဆင်းရဲမှုနှင့် ကြုံတွေ့ခဲ့ရသည်ကို တစ်နည်းအားဖြင့် တွေ့မြင်လိုက်ရခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာကြည်စိုးထွန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံ(Red Carpet Theatre)အဖြစ် အဆင့်မြှင့်တင်နိုင် မည့်အခြေအနေများနှင့် စာဆိုဗိမာန်တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂါရဝပြုသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းပရိဝုဏ်အတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဝန်ကြီးဌာန၏ သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးအတွက် ဝန်ဆောင်မှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာမြင့်သူမြိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (င)၊ ၄၃ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2025

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) မှ တာဝန်ရှိသူများနှင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် MOEAA မှ နိုင်ငံအလိုက်ခေါင်းဆောင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်